ချင်းတောင်ပိုင်း ပြည်သူတွေ ဘေးကင်းရာ အမြန်ဆုံးပြောင်းရွှေ့ဖို့ အသိပေး

ချင်းတောင်ပိုင်း ပြည်သူတွေ ဘေးကင်းရာ အမြန်ဆုံးပြောင်းရွှေ့ဖို့ အသိပေး

တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ယောဒေသ တောင်ပိုင်းက ဒေသခံပြည်သူတွေအနေဖြင့် လုံခြုံဘေးကင်းရာနေရာတွေကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြဖို့  ယောကာကွယ်ရေးတပ် - YDF က မေလ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လက်ရှိယောဒေသအတွင်း စစ်ကော်မရှင်ရဲ့ စစ်ကြောင်းများဟာ မြို့ရွာတွေအတွင်း ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် မတရားအသုံးပြုတာ၊ လူငယ်အမျိုးသားတွေကို အတင်းအကြပ် ဖမ်းဆီးစစ်မှုထမ်းခိုင်းတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာတွေ တွေ့မြင် ကြားသိနေရတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရာနေရာတွေကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ဖို့ အလေးအနက် အသိပေးတိုက်တွန်းလိုတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကစလို့ စစ်ကော်မရှင်တပ်ဖွဲ့ဟာ ယောဒေသတောင်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းကို စစ်အင်အား ထောင်ချီဖြင့် အလုံးအရင်း ထိုးစစ်ဆင်ဝင်ရောက်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတိုက်ခိုက်မှုတွေကို တောက်လျှောက်လုပ်နေပြီး ရှေ့တန်းစစ်မျက်နှာတွေမှာ ယောကာကွယ်ရေးတပ် - YDF အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေနဲ့  စစ်ကော်မရှင် စစ်ကြောင်းနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း အင်အားအလုံးအရင်းဖြင့် ဆက်လက်ခုခံ တိုက်ပွဲ ဆင်နွှဲနေလျက်ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိကာလတိုက်ပွဲတွေအတွင်းမှာလည်း စစ်ကော်မရှင်တပ်ဖွဲ့ဟာ လေကြောင်းနဲ့ လက်နက်ကြီးတွေဖြင့် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လူမဆန်စွာ ရမ်းကားပစ်ခတ်မှုတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေပြီး ပြည်သူတွေအနေဖြင့် လုံခြုံရာအရပ်တွင် ဗုံးခိုကျင်း၊ ကတုတ်ကျင်းတွေ၊ သဲအိတ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ နှင့် အန္တရာယ်ရှိတဲ့ အခြေအနေတွေကို မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိပြုနေထိုင်ကြဖို့ကိုလည်း ယောကာကွယ်ရေးတပ် - YDF က အသိပေးတိုက်တွန်းထားပါတယ်။

July 4, 2026
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးနှင့် တရားမျှတမှုအတွက် ကြိုးပမ်းခဲ့သည့် ချင်းတိုင်းရင်းသူ တရား...
July 2, 2026
ကုန်ဈေးနှုန်းကြီးမြင့်နေတဲ့ ကာလမှာ  စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကို စစ်ဘေးရှောင်နေကြရတဲ့...
June 30, 2026
ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်း ၅...
June 29, 2026
ချင်းလူငယ် ပန်းချီအနုပညာရှင်၁ဦး ဖြစ်တဲ့ Artist Pau Za Langh ရဲ့  ပထမဆုံး တကိုယ်တော်...