ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်ကို စစ်တပ် အရှိန်မြှင့်ထိုးစစ်ဆင်

ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်ကို စစ်တပ် အရှိန်မြှင့်ထိုးစစ်ဆင်
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

ချင်းမြောက်ပိုင်းကို ပြန်ထိန်းချုပ်ထားသည့် စစ်တပ်သည် ချင်းတောင်ပိုင်းဝင်ပေါက် ကန်ပက်လက်မြို့ကို လေကြောင်းနှင့် မြေပြင်အင်အား အလုံးအရင်းဖြင့် အရှိန်မြှင့် ထိုးစစ်ဆင်လာနေသည်ဟု ဒေသခံများက ပြောသည်။

မေလ ၂၂ ရက် မနက်အစောပိုင်းတွင် ကန်ပက်လက်မြို့ပေါ်သို့ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

မြေပြင်တွင်လည်း မြို့နှင့် ၃ မိုင်ခန့်အကွာ မကွေး-ချင်းအစပ် (၆) မိုင်ပတ်ဝန်းကျင်၌ စစ်တပ် စစ်ကြောင်းနှင့် ချင်းကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသည်။

စစ်တပ်သည် မကွေးတိုင်းရှိ ကပစစက်ရုံများဘက်မှ တစ်ဆင့် စစ်သည်အင်အား ၁,၅၀၀ ကျော်ဖြင့် ချင်းတောင် ပိုင်းကို ဦးတည်ကာ စစ်ကြောင်းထိုးတက်လာခြင်း ဖြစ်သည်။

ယခုကဲ့သို့ စစ်ရေးပြင်းထန်မှုကြောင့် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာ တောတောင်များထဲသို့ ထွက်ပြေး နေကြရသည်ဟု ဒေသခံများက ပြောသည်။

ကန်ပက်လက်ဒေသခံတစ်ဦးက “မနက်အစောကြီး လေယာဉ်နဲ့ လာဗုံးကြဲတာပါ။ ရွာထဲကလူတွေကတော့ အကုန် တောထဲ ထွက်ပြေးရတယ်။ မြို့နဲ့ သုံးမိုင်လောက်ပဲ လိုတော့တဲ့ ၆ မိုင်နားမှာ လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားနေရတယ်။ ဒီတစ်ခေါက် စစ်တပ်က အင်အားအများကြီးနဲ့ တက်လာတာဆိုတော့ တိုက်ပွဲ က ပိုပြင်းထန်လာမယ့်သဘောရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ရှေ့တန်းကာကွယ်ရေး တပ်ဖွဲ့ဝင်များ အတွက် အရေးပေါ်အလှူငွေနှင့် ဆုတောင်းမှုများဖြင့် ဝိုင်းဝန်းကူညီပေးကြရန် ပြည်သူများကို တောင်းဆိုထား သည်။

စစ်ရေးလေ့လာသူများက စစ်တပ်သည် ယခုနှစ်အတွင်း ချင်းပြည်ကို အပြီးသတ်ပြန်သိမ်းရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့များဘက်က သုံးသပ်ပြောဆိုသည်။

သို့သော်လည်း အာရက္ခတပ်တော် (AA) နှင့် မဟာမိတ်ပြုထားသည့် ချင်းညီနောင်အဖွဲ့များကမူ စစ်တပ် အလွယ် တကူ ပြန်မရနိုင်အောင် ဆက်လက်တွန်းလှန်သွားမည်ဟု ကြေညာထားသည်။

ဓါတ်ပုံ - ပုံဟောင်း

ဓါတ်ပုံ - Soe Than WIN/AFP via Getty Images
July 25, 2026
စစ်တပ် ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်အတွင်း အခုရက်ပိုင်းအတွင်း စစ်တပ်က...
July 25, 2026
ရခိုင်ပြည်၊ သံတွဲမြို့တွင် ဇူလိုင်လ ၂၄ ရက်နေ့က စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့်...
July 21, 2026
စစ်အာဏာသိမ်းပြီးချိန်မှ စ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေး...
July 20, 2026
စစ်တပ်က အခိုင်အမာ တပ်စွဲထားသည့် ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ ရေချမ်းပြင်နှင့် ကျက်တောပြင်ကျေးရွာ...