အင်းတော်ကြီးရှိ စာသင်ကျောင်းအများစုကို ယခင်နှစ်အတိုင်း ဖွင့်မည်

အင်းတော်ကြီးရှိ စာသင်ကျောင်းအများစုကို ယခင်နှစ်အတိုင်း ဖွင့်မည်

မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသအတွင်းရှိ အင်းအရှေ့ကမ်းကျေးရွာတွေဖြစ်တဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကလွဲပြီး ကျန်စာသင်ကျောင်းများအားလုံးကို ပြီးခဲ့တဲ့နှစ်ကလိုပဲ ဖွင့်လှစ်ပေးသွားမှာဖြစ်တယ်လို့ မြို့နယ်ပညာရေးမှူးနဲ့နီးစပ်သူများထံမှ သိရပါတယ်။

“ ရပ်ဖိရပ်ဖတွေနဲ့ KIA+PDF တပ်ဖွဲ့တွေနဲ့ ညှိထားကြတယ် ကလေးတွေရဲ့ပညာရေးကိုမနှောင့်ယှက်ပေးဖို့ သူတို့ဘက်ကလည်းဆရာ/ဆရာမတွေကို ဘာမှမလုပ်ပါဘူးဆိုပြီးကတိပေးထားတယ်လေ" ဟု KIA+PDF ပူးပေါင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ အင်းမြှီးကျေးရွာတွေမှာလည်း စာသင်ကျောင်းများဖွင့်လှစ်နိုင်ဖို့ ညှိနှိုင်းမှုများပြုလုပ်ခဲ့တဲ့အကြောင်းကို ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။

တစ်ဖက်မှာလည်း မကြာသေးမီ မေ(၁၈)ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်အချို့နဲ့ ဒေသခံများက မိုးညှင်းမြို့ပေါ်ရှိ မြို့နယ်ပညာရေးမှူးထံ အင်းတော်ကြီးဒေသအတွင်းက စာသင်ကျောင်းများဖွင့်လှစ်ပေးဖို့ကို တောင်းဆိုမှုများပြုလုပ်ခဲ့ပြီး ခွင့်ပြုချက်များရရှိခဲ့တယ်လို့ သိရပါတယ်။

အင်းတော်ကြီးဒေသမှာ အ.ထ.ကကျောင်း (၁၀) ကျောင်း ၊ အ.လ.က ကျောင်း (၉) ကျောင်း နဲ့ မူလတန်း ၊ မူလတန်းကြိုကျောင်းတို့အပါအဝင် စုစုပေါင်း( ၅၉) ကျောင်းရှိထားပြီး အများစုကို ပြန်လည်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။

နန့်မွန်းမြို့နဲ့ မိုင်အနည်းငယ်သာကွာဝေးတဲ့ ဟဲပု၊ဟဲပါး၊ဆနွင်းကုန်း၊အင်းသာကျေးရွာတို့မှာတော့ ကျေးရွာဒေသခံများပြန်လည်ဝင်ရောက်နေထိုင်ခြင်းများမရှိခြင်းနဲ့ နယ်မြေတည်ငြိမ်မှုကိုစိုးရိမ်ရခြင်းတို့ကြောင့် ဒီစာသင်ကျောင်းများကို ဖွင့်လှစ်ပေးခြင်းမရှိတာဖြစ်တယ်လို့ သိရပါတယ်။

"လူနေအိမ်တွေလည်း နွယ်ပင်တွေတက်နေပြီလေအခုက လူတွေကဝင်မှမဝင်ကြသေးတာလေ ဟိုရက်ကရောက်ခဲ့သေးတာတော့ ဘုန်းကြီးကျောင်းတွေကပြန်ပြင်နေတာတွေ့ခဲ့တယ် ဘုန်းကြီးတွေပြန်ဝင်တော့မယ်ထင်တယ် လူတွေကတော့မစုံကြသေးလို့မဝင်ရဲကြသေးဘူးတဲ့" ဟု နန့်မွန်းကျေးရွာသားတစ်ဦးက ဆိုပါတယ်။

အင်းအရှေ့ဘက်ကမ်းရှိ ဒီကျေးရွာတို့ကို ပြည်သူ့စစ်၊ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ရဲ့ ကျားဖြူစစ်ကြောင်းနဲ့ စစ်တပ်တို့က ထိန်းချုပ်ထားတာဖြစ်ပြီး KIA+PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...