မြစ်ကြီးနား-တနိုင်းလမ်းမှာ We Chat သုံးသူတွေကို ဖမ်းဆီးနေဟုဆို

မြစ်ကြီးနား-တနိုင်းလမ်းမှာ We Chat သုံးသူတွေကို ဖမ်းဆီးနေဟုဆို

မြစ်ကြီးနား-တနိုင်း လီဒိုလမ်းမကြီးပေါ်မှာ တရုတ်လူမှုကွန်ရက် အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ We Chat အသုံးပြုသူတွေကို စစ်အုပ်စုကနေ စစ်ဆေးဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အခုလိုဖမ်းဆီးနေတာဟာ အဲဒီဒေသဘက်က We Chat အသုံးပြုသူအများစုဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ဆက်နွယ်မှုရှိနိုင်တာကြောင့်နဲ့ KIA တပ်သားအများစုဟာ We Chat ကိုသာ အဓိကထားပြီး အသုံးပြုကြတာကြောင့် မသင်္ကာမှုနဲ့ ဖမ်းဆီးနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

အဲဒီလမ်းတစ်လျှောက်က စစ်အုပ်စုပူးပေါင်းတပ်တွေကနေ We Chat အသုံးပြုသူတွေကို စစ်ဆေးပြီးဖမ်းဆီးတာတွေ ပြုလုပ်တာကြောင့် တနိုင်းပြန်ဖို့ ကြောက်လန့်နေရကြောင်း သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

" ပြန်ဖို့ကြောက်နေတာ။ Wechat ပါရင် ဖမ်းတယ်ပြောတယ်။ အရမ်းစစ်တာတဲ့။" လို့ ဆိုပါတယ်။

လီဒိုလမ်းမကြီးတစ်လျှောက် စစ်အုပ်စုနဲ့ ပြည်သူ့စစ်တပ်သားတွေ ဂိတ်ထိုင်ထားတာဖြစ်ပြီး ပြည်သူ့စစ်တွေထိုင်တဲ့ လဝါးကျေးရွာဂိတ်မှာ စစ်ဆေးမှုပိုကြမ်းတယ်လို့လည်း ဆိုပါတယ်။

We Chat အသုံးပြုမှုကြောင့် ဖမ်းဆီးခံရသူအချို့လည်း လက်ရှိချိန်ထိ လဝါးပြည်သူ့စစ် အချုပ်ထဲမှာ ရှိနေတယ်လို့ တနိုင်းစစ်ရေးသတင်းအရင်းအမြစ် တစ်ဦးကလည်း ပြောပါတယ်။ အတိအကျကိုတော့ မြစ်ကြီနားဂျာနယ်အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ဝါရာဇွပ်ပြည်သူ့စစ်တပ်တွေကနေ လဝါးကျေးရွာဂိတ်မှာ အဓိကထား စစ်ဆေးနေပြီး အဲဒီဂိတ်နေရာဟာ တနိုင်းဘက်နဲ့ ဖားကန့်ကိုသွားတဲ့ လမ်းဆုံလည်းဖြစ်ပါတယ်။

လက်ရှိအချိန် ဝါရာဇွပ်ပြည်သူ့စစ်တပ်တွေနဲ့ KIA ပူးပေါင်းတပ်တို့ စစ်ရေးအရတင်းမာနေတာပါ။

ပြီးခဲ့တဲ့ ဧပြီလ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားကနေ အသင်းတော်ကပြုလုပ်တဲ့ သင်တန်းသွားပြီး အိမ်ပြန်လာကြတဲ့ ဓမ္မဆရာတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးရိုက်နှက်မှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

We Chat အက်ပလီကေးရှင်းဟာ မြန်မာပြည်မှာဆိုရင် တရုတ်ပြည်နယ်စပ်ဘက်မှာ အသုံးပိုများပြီး ကချင်ပြည်နယ်က တရုတ်နယ်စပ်တွေမှာလည်း အသုံးများပါတယ်။

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...