ရေးမှာ ရေလုပ်သား ၅၀ ကျော် ဖမ်းဆီးငွေညှစ်ခံရ

ရေးမှာ ရေလုပ်သား ၅၀ ကျော် ဖမ်းဆီးငွေညှစ်ခံရ

မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာမှာ နေရပ်ပြန်မယ့် ရေလုပ်သား ၅၀ ကျော်ကို စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးငွေညှစ်ခဲ့တယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၄ ရက်နေ့က ဟိုက်ဂျက်ကား သုံးစီးနဲ့ နေရပ်ပြန်ကြမယ့် ရေလုပ်သား ၅၀ ကျော်ကို အစင်ကျေးရွာ မွေးမြူရေးဇုန်ဂိတ်အရောက်မှာ စစ်တပ်သြဇာခံ ပြည်သူ့စစ် စောနိုင်ထွေးဦးစီးတဲ့အဖွဲ့က ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ပြည်သူ့စစ် စောနိုင်ထွေးတို့အဖွဲ့ဟာ ရေလုပ်သား ၅၀ ကျော်ကို တစ်ညတာ ဖမ်းဆီးထိန်းသိမ်းပြီး တစ်ဦးလျှင် ငွေကျပ်နှစ်သိန်း တောင်းခံကာ မေ ၁၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံရသူအများစုဟာ ဧရာဝတီတိုင်း ဖျာပုံနဲ့ဒေးဒရဲမြို့နယ်အပါအဝင် ပဲခူတိုင်းတို့ကနေ လာရောက်အလုပ်လုပ်ကိုင်ကြတဲ့ ရေလုပ်သားတွေ ဖြစ်ပါတယ်။

သူတို့တွေဟာ ငါးဖမ်းရာသီ ပိတ်ချိန်ဖြစ်တာကြောင့် သက်ဆိုင်ရာ ဒေသတွေထံ နေရပ်ပြန်ဖို့ လာစဉ် စစ်ကော်မရှင်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖမ်းဆီးငွေညှစ်မှုကို ခံခဲ့ရပါတယ်။

ရေလုပ်ငန်းအပါအဝင် ရော်ဘာခြံလုပ်ငန်းတွေ အများဆုံး လုပ်ကိုင်တဲ့ ရေးမြို့နယ်ဟာ ဒေသတွင်း လုပ်ငန်းတွေအတွက် ရွှေ့ပြောင်းအလုပ်သမားတွေကို အများဆုံး အသုံးပြုနေတာ ဖြစ်ပါတယ်။

Most read this week

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...