ကျိုက္ခမီမြို့တွင် ဒေသခံအချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

ကျိုက္ခမီမြို့တွင် ဒေသခံအချို့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှုများ ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်နေ ရေလုပ်သား ၅ ဦး ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့သည်။

ထိုဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသည့် ရေလုပ်သား ၅ ဦးကို ကျိုက္ခမီမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး ရောဂါပြင်းထန်သူ ၄ ဦးကို မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဲ့ဒီအပြင်ကို ရေလုပ်သားမိသားစုဝင်တွေနဲ့ ရပ်ကွက်နေပြည်သူ ၃၀ ကျော်ကိုလည်း ကျိုက္ခမီမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပြီးတော့ Quarantine ထားပြီး စောင့်ကြည့်မှုတွေ လုပ်ဆောင်ထားပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယငအခြေအနေကြောင့် မေလ (၁) ရက်နေ့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတားဆီးအဖွဲ့မှ ကွင်းဆင်း၍ စစ်ဆေးမှုများလုပ်ဆာင်ခဲ့သည့်အပြင် သံဖြူဇရပ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသည့် ကျိုက္ခမီမြို့ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတားဆီးအဖွဲ့မှ ကွင်းဆင်း၍ စစ်ဆေးမှုများလုပ်ဆာင်ခဲ့ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်းကလည်း ကျိုက္ခမီမြို့က ရေလုပ်သားများအပြင် ဒေသခံ ၈၀ ခန့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့ရာ ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...