အိမ်ပြန်လာနိုင်တဲ့ စစ်မှုထမ်း ၂,၀၀၀ လောက်ပဲရှိ၊ ၃,၀၀၀ လောက်ပျောက်ဆုံးနေ

အိမ်ပြန်လာနိုင်တဲ့ စစ်မှုထမ်း ၂,၀၀၀ လောက်ပဲရှိ၊ ၃,၀၀၀ လောက်ပျောက်ဆုံးနေ

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ ရှိတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

CDM စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ MDSI က တင်ဆက်ခဲ့တဲ့ ကလောင်ရှင် အောင်လင်း (မဟာဝိဇ္ဇာ) ရေးတဲ့ "ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) က လူငယ် ၃,၀၀၀ ကျော် ဘယ်ပျောက်သွားသလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အဲဒီအချက်အလက်ကို ဖော်ပြထားတာပါ။

"စစ်အုပ်စုမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာပါရှိတဲ့ အိမ်ပြန်နိုင်သူအင်အားစုတွေကို ရနိုင်သမျှ စုဆောင်းရေတွက်ကြည့်တဲ့အခါ အများဆုံး ၂,၀၀၀ ဝန်းကျင်ခန့်သာ ရှိနေတာကို ရင်နာဖွယ် တွေ့ရှိနေရပါတယ်။" လို့ အဲဒီဆောင်းပါးမှာ ရေးထားပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၁ ဟာ အင်အား ၅,၁၀၀ ကျော်ရှိတာကြောင့် ကျန်တဲ့ ၃,၀၀၀ လောက်ရှိတဲ့ လူငယ်တွေ ဘယ်ပျောက်သွားလဲဆိုတာကိုလည်း အဲဒီဆောင်းပါးရှင်က မေးခွန်းထုတ်ထားပါတယ်။

ဧပြီလ ၂၇ ရက်နေ့မှာတော့ စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် ၂၄ သင်တန်းဖွင့်ပွဲကို တိုင်းစစ်ဌာနကြီး ၇ ခုမှာ ပြုလုပ်ခဲ့ပါတယ်။

MDSI ကတော့ အဲဒီစစ်မှုထမ်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်ဟာ ဖမ်းဆီးခံရတာနဲ့ လိမ်လည်ပြီး အတင်းအကျပ်စုဆောင်းခံရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းဥပဒေကိုတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ပြဌာန်းခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် ၂၁ အထိကို သင်တန်းဆင်းပေးထားပါတယ်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...