အရေးပေါ်အခြေအနေ ကြေညာတဲ့အထဲ KIO/KIA ထိန်းချုပ်မြို့နယ် ၄ ခုနဲ့ ရွှေကူမြို့နယ်ပါဝင်

အရေးပေါ်အခြေအနေ ကြေညာတဲ့အထဲ KIO/KIA ထိန်းချုပ်မြို့နယ် ၄ ခုနဲ့ ရွှေကူမြို့နယ်ပါဝင်

ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ ကချင်ပြည်နယ်ထဲက ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ မြို့နယ် ပါဝင်လာပါတယ်။ 

ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက မြို့နယ် ၆၀ထဲမှာ ကချင်ပြည်နယ်အတွင်းက KIO/KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆော့လော်မြို့နယ်အပြင် ရွှေကူမြို့နယ်လည်းပါဝင်ပါတယ်။ ရွှေကူမြို့နယ်ကိုတော့ KIA ကအပြည့်အဝထိန်းချုပ်မထားနိုင်ပေမဲ့ အချို့နေရာတွေကိုတော့ သိမ်းပိုက်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်ကို ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းမှာထုတ်ပြန်လိုက်တာပါ။ ကချင်ပြည်နယ်ထဲက အထက်ပါ မြို့နယ် ၅ မြို့နယ် ပါဝင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဖြစ်တဲ့ ကယား၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေထဲက မြို့နယ် အချို့ပါ ပေါင်းရင် မြို့နယ် ၆၀ ကို အရေးပေါ် အခြေအနေ ကြေညာလိုက်တာလည်းဖြစ်ပါတယ်။

 ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားချက်အရ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုတွေ ချုပ်ငြိမ်းစေဖို့နဲ့ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ 

ဒါ့အပြင် အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ်တွေမှာ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေပြန်လည်ရောက်ရှိစေဖို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး အဲဒီ မြို့နယ်တွေရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီ အပ်နှင်းလိုက်တာတယ်လို့လည်း ဆက်လက်ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဲဒီလုပ်ပိုင်ခွင့်နဲ့ တာဝန်တွေကို မိမိကိုယ်တိုင် ကျင့်သုံးဆောင်ရွက်တာ သို့မဟုတ် သင့်လျော်တဲ့ စစ်ဘက်အာဏာပိုင်တစ်ဦးဦးကို ကျင့်သုံး ဆောင်ရွက်စေတာပြုနိုင်တယ်လို့လည်း ပါရှိပါတယ်။ 

ဒါ့အပြင် အဲဒီအမိန့်ကို ရက်ပေါင်း ၉၀ အထိ အတည်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကလည်း အခုလို ရက်ပေါင်း ၉၀ အရေးအပေါ် အခြေအနေ ကြေညာတဲ့အထဲ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၉ ခုက ၆၃ မြို့နယ်ပါဝင်ခဲ့ပါတယ်။ အဲဒီအထဲ ကချင်ပြည်နယ်ထဲက အထက်ပါ ၅ မြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ကချင်ပြည်နယ်အတွင်း ဗန်းမော်(ရွှေကူမြို့နယ်အနီး)၊ ဝိုင်းမော်နဲ့ ဖားကန့်ဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

Most read this week

ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...
August 22, 2026
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်...