ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမားများလည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်

ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမားများလည်း လွတ်ငြိမ်းခွင့်တွင် ပါဝင်
by -
မဇ္ဈိမ
အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆,၉၆၆ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ ပေး လိုက်ရာတွင် မွန်းတည့်နေဂျာနယ်မှ ထိန်းသမ်းခံရသူငါးဦးလည်း ပါဝင်သည်ဟု အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

“မွန်းတည့်နေဂျာနယ်က ငါးဦး ဒီနေ့ အင်းစိန်ထောင်ကနေလွတ်ပါပြီ။ ထောင်ထဲမှာ နေသား တစ်နှစ်နဲ့ အထက်ရှိပြီး လက်ကျန်ထေင်ကျရက် တစ်နှစ်အနည်းဆုံးရှိသူတွေ လွှတ်ပးမယ်လို့ သိထားတယ်”ဟု ဆိုသည်။

လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသားများတွင် ထောင်တွင်းကျန်ရှိနေသည့် လက်ကျန်ထောက်လှမ်းရေး အကျဉ်းသားများ ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လူပုဂ္ဂိုလ်အတိအကျကို ယခုအချိန်အထိ အတည်မပြုနိုင်သေးဘဲ လွတ်မြောက်စာရင်း ပါ နိုင်ငံရေးအကျဉ်းသားစာရင်းကိုလည်း အတည်ပြုရန် ကြိုးစားနေဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့-FPPsမှ အဖွဲ့ဝင် ဦးထွန်းကြည်က “အခုအင်းစိန်ေထောင်ထဲ ရောက်ရှိနေချိန် အထိ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတအားရစရာမရှိပါဘူး။ ကျွန်တော်တို့က ဘိုင်မွန်းတည့်နေက ငါးဦးနဲ့ ဗိုလ်မှူးကျော်စွာဝင်း အပါအဝင် ကန့်ဘလူက လယ်သမားတွေရောပေါ့။ အနည်းဆုံး ခုနစ်ဦးလောက်မှန်းထားတာ၊ ဗိုလ််မှူးကျော်စွာဝင်းကတော့ လွတ်လာပါပြီ”ဟု ဆိုသည်။

နိုင်ငံတော်သမ္မတက အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့် အရေအတွက်တွင် နိုင်ငံခြားအကျဉ်းသား ၂၀၀ ကျော် ပါဝင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...