ချင်းတွင်းမြစ်ထဲ စက်သုံးဆီတင်ရေယာဉ် မီးလောင်ကျွမ်း

ချင်းတွင်းမြစ်ထဲ စက်သုံးဆီတင်ရေယာဉ် မီးလောင်ကျွမ်း
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit

ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ တစ်ရက်နီးပါးကြာတဲ့အထိ လောင်ကျွမ်းနေဆဲဖြစ်ပြီး ထိခိုက်ရှုံးဆုံးမှုများပြားနိုင်တယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ရှမ်းနီအသံကိုပြောပါတယ်။

ဧပြီ ၂ဝ ရက် ညနေပိုင်းက ဟုမ္မလင်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စက်သုံးဆီတင်ရေယာဉ်တစ်စီးကနေ ဆီပန့်ရိုက်နေချိန်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရေယာဉ် ၂၂ စီးအထိ မီးလောင်ပျက်စီးခဲ့တာလည်းဖြစ်ပါတယ်။ 

“ စက်လေတွေက စုပုံဆိုက်ထားတော့ မီးလောင်တော့ဆီအားနဲ့ ကူးသွားတာပါ၊ မိနစ်ပိုင်းအတွင်း၊ ပေါက်ကွဲတာနဲ့ဆိုတော့။ စက်လှေအထဲမှာ ဆီလောင်တော့ ဆီမခမ်းမြင်းမီးအားကကြီးနေတာ့ပါ။ အခုက ဆပ်ပြာမှုန့်၊ရေတွေနဲ့ငြိမ်းကြတာတွေလုပ်နေတယ်” လို့ ဒေသခံ ရှမ်းနီလူငယ်တစ်ဦးကပြောပါတယ်။ 

လက်ရှိတောင် မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ထိခိုက်သေဆုံးမှုစာရင်းအတိအကျမသိရှိရသေးပေမယ့် ထိခိုက်သေဆုံးနိုင်ခြေ တစ်ရာဝန်းကျင်ရှိနိုင်တယ်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက မှတ်ချက်ပြုကြပါတယ်။ 

“ ဖလပ်အကြီးပေါ်က လူတွေမီးကူးသွားလည်းကြည့်နေရတာပါ့၊ ရေထဲခုန်ချတဲ့သူတချို့တော့လွတ်လာတယ်။ ကက်သာဘက်က ၂ ယောက်၊ ဟုမ္မလင်းဘက်ကညမှာ ၁ ယောက်သေတယ်။ ၇ ယောက်ကတော့ ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့လည်း ရှိတယ် နောက်ထပ်သေဆုံးသူတွေရော၊ လူတွေက မိနစ်ပိုင်းအတွင်းဆိုတော့ အသေများမယ်ပါ့၊ ရာဂဏန်းရှိမှာ၊ တစ်စီးကိုငါးယောက်နဲ့တွက်ရင်တောင် ၂၂ တောင်ဆိုတော့”လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒေသခံတွေနဲ့ အာဏာပိုင်တွေက  မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်မှုကို ဧပြီ ၂၁ ရက် နေ့လယ်အထိ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ 

မီးလောင်ကျွမ်းမှုနောက်ဆက်တွဲအနေနဲ့  ဟုမ္မလင်းမြို့နယ် ထွေအုပ်က  ဓာတ်ဆီအရောင်းဆိုင်တွေကို ရောင်းဝယ်ခွင့်လိုက်လံပိတ်ပင်နေတယ်လို့  ဆီလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ 

“ မြစ်လယ်ကောင်မှာ ဆိုတော့ မငြိမ်းကြတော့ဘူး။ နောက်ဆက်တွဲ အနေနဲ့ ထွေအုပ်က ဓာတ်ဆီဆိုင်တွေကို မရောင်းဖို့ လိုက်ပိတ်နေတယ်လို့ သတင်းတွေ ထွက်နေတယ်” လို့ သူက ပြောပါတယ်။ 

အခု မီးလောင်ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှမ်းနီအမျိုးသားများတပ်မတော် SNA က စက်လှေပိုင်ရှင် ၊ ကုန်သည်တွေနဲ့ လုပငန်းတွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို ဝမ်းနည်းကြောင်းနဲ့ လိုအပ်သလိုကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

June 20, 2026
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မိုင်းလားတပ်ဖွဲ့ (NDAA)က တိုင်းရင်းသားအဆင့်မြင့်...
June 19, 2026
မိုးညှင်း၊မိုးကောင်း၊ဖားကန့်နဲ့ ဝိုင်းမော် မြို့နယ်တွေအပြင် ဒေသအားလုံးနီးပါးမှာ...
June 18, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသ အရှေ့ကမ်း၊အနောက်ကမ်းနဲ့ အင်းမြှီးဒေသတွေရှိ ကျေးရွာတွေမှာ KIA+...
June 17, 2026
ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့မှာ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအကြားတွင် ဆောက်လက်စ...