ကချင်ပြည်အတွက် အဆိုပြုထားတဲ့ဝန်ကြီးတွေကို ပြည်နယ်လွှတ်တော်အတည်ပြု

ကချင်ပြည်အတွက် အဆိုပြုထားတဲ့ဝန်ကြီးတွေကို ပြည်နယ်လွှတ်တော်အတည်ပြု

ကချင်ပြည်နယ်အတွက် အဆိုပြုထားတဲ့ ဝန်ကြီး ၇ ယောက်နဲ့ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နဲ့ ပြည်နယ်လွှတ်တော်တရားသူကြီးတွေကို စစ်အုပ်စုရဲ့ ကချင်ပြည်နယ်လွှတ်တော်က ဧပြီလ ၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။

မနေ့က ကချင်ပြည်နယ်လွှတ်တော်မှာတော့ ပြည်နယ်တရားသူကြီးချုပ်အဖြစ် ဒေါ်အေးအေးမော်ကို အတည်ပြုခဲ့ပြီး ဥပဒေချုပ်ကတော့ ဒေါ်နန်းလှလှအေးဖြစ်ပြီး စာရင်းစစ်ချုပ်ကတော့ ဒေါ်ခင်လေးနွယ်တို့ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရဲ့ တရားလွှတ်တော်တရားသူကြီးတွေအဖြစ်ကိုတော့ ဦးအောင်မြင့်၊ ဒေါပြုံးပြုံးကြည်နဲ့ ဒေါ်ခင်ပြုံးရီတို့ကို လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

ခန့်အပ်ခဲ့တဲ့ ဝန်ကြီး ၇ ယောက်ကတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ကျော်သူရ၊ စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဦးတိန့်ဆောင်၊ လူမှုရေးရာ ဝန်ကြီးအဖြစ် ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် ဦးအောင်နိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးအဖြစ် ဦးချန်တန်ခင်၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် ဒေါက်တာအောင်ဝင်းနဲ့ စည်ပင်သာယာရေးဝန်ကြီးအဖြစ် ဦးရဲရင့်ဆွေတို့ ဖြစ်ပါတယ်။

အရင်စစ်ကော်မရှင်ပုံစံနဲ့တုန်းကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမပါရင် ကချင်ပြည်နယ်မှာ ဝန်ကြီးဌာန ၅ ခုပဲ ရှိခဲ့တာဖြစ်ပြီး အခုအသွင်ပြောင်းချိန်မှာတော့ ဝန်ကြီးဌာန ၇ ခုအဖြစ် တိုးချဲ့လိုက်တာပါ။

အရင်တုန်းကတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီးပွားရေးရာဝန်ကြီးဌာန၊ သယံဇာတရေးရာ ဝန်ကြီးဌာန၊ လူမှုရေးဝန်ကြီးဌာန၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနတိုပဲ ရှိခဲ့တာဖြစ်ပြီး အခုအချိန်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနနဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာနတို့ ထပ်တိုးလာတာဖြစ်ပါတယ်။

ဒါ့အပြင် အရင်စီးပွားရေးရာဝန်ကြီးဌာနကိုလည်း စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအဖြစ် နာမည်ပြောင်းလိုက်သလို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကိုလည်း လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုပြီး ပြောင်းလိုက်ပါတယ်။

အခု ဝန်ကြီး ၇ ယောက်ထဲမှာတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်သူရဟာ အရင်ကလည်း အဲဒီရာထူးပဲဖြစ်ပြီး ဦးတိန့်ဆောင်ဟာလည်း အရင်တုန်းက သယံဇာတရေးရာ ဝန်ကြီးကနေ အခု စီမံကိန်း၊ စီးပွားရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဖြစ်လာတာပါ။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ဟာလည်း အခု ဒုတိယအကြိမ် ဝန်ကြီးချုပ်ထပ်ရွေးခံထားရပြီး ပြည်လွှတ်တော်ဥက္ကဋ္ဌကတော့ အရင် ၂၀၁၀-၂၀၁၅ ဦးသိန်းစိန်အစိုးရလက်ထပ်က ပြုလုပ်ခဲ့တဲ့ ဦးရာဝမ်ဂျုံကပဲ ထပ်ပြီးရွေးချယ်ခံထားရပါတယ်။

June 15, 2026
မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker...
June 13, 2026
တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိမ်ခိုးတွေနဲ့ရစ်ပတ်နေတဲ့ ယူနန်တောင်တန်းကြီးတွေကြားမှာ...
June 12, 2026
စစ်အုပ်စုရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မသင်တန်းပို့ခံရတဲ့ သူအရေအတွက်ဟာ ကချင်ပြည်နယ်မှာ ၄၆၉ ယောက်...
June 11, 2026
မြန်မာမှာ ကက်သလစ် သာသနာပိုင်နယ်မြေ ၁၇ ခု ရှိတဲ့အနက် နယ်မြေ ၅ ခုက ဘုန်းတော်ကြီးတွေဟာ...