နတ်ရေကန်စခန်းအနီးက ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်နေ

နတ်ရေကန်စခန်းအနီးက ကျေးရွာများကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်နေ
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo

မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး နတ်ရေကန်စခန်းအနီးအနားမှ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ နေ့စဥ် လုပ်ဆောင်နေကြောင်းသိရသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်နေကြသည့် နတ်ရေကန်စခန်းကို တိုက်ပွဲများ ပြင်းထန်နေသည်နှင့်အမျှ စစ်ကောင်စီက အနီးတဝိုက် ကျေးရွာများဖြစ်သည့် လိုင်ကျေးရွာ အပါအဝင် နေရာ အချို့ကို ဗုံးကြဲမှု နေ့စဥ်လုပ်နေကြောင်း ဒေသခံများက ပြောသည်။

“ နတ်ရေကန် စခန်းအနီးရွာတွေကို မကြာမကြာလာပြီး လေကြောင်းက လာကြဲတာ ရှိတယ်။ အခုတလောဆိုရင် လိုင်ရွာ အကြဲခံရဆုံးပဲ။ နေ့တိုင်းလိုလို ဒရုန်း မဟုတ်ရင် ဂျက်နဲ့ လာလာချတယ် ” မြေပြင်သတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။

နှစ်နှင့်ချီကြာနေသည့် နတ်ရေကန် တိုက်ပွဲကြောင့် အနီးအနားရှိ ကျေးရွာအချို့က ဒေသခံများမှာ ဘေးလွတ်ရာ နေရာများသို့ စစ်ဘေးတိမ်းရှောင်မှုများ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း နတ်ရေကန်မကျရေး စစ်ကောင်စီသည် ပဒါန်းကနေ စစ်ကူအင်အား ဖြည့်တင်းမှုများကို ပြုလုပ်ခဲ့ရာ အာရက္ခတပ်တော်နှင့် တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုများကို ခံနေရသည်။

“ ရွာတွေကိုရော သူတို့ စိတ်ထင်ရာနေရာတွေကိုပါ စစ်ကောင်စီက အကုန်လက်နက်ကြီးနဲ့ပါ ချတာ။ ရွာသားတွေကတော့ ဘေးကင်းကြတယ် ကြားတယ်။ စခန်းအနီးကရွာတွေမှာက အရင်ကလည်း လာလာကြဲတော့ ရွာသားတွေက တောင်ယာတွေမှာ နေတာများတယ် ” ဟု နောက်ထပ် မြေပြင် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား နတ်ရေကန်စခန်းအနီးတိုက်ပွဲ‌များ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y-12၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူတိုက်ခိုက်ကာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

နတ်ရေကန်ဗျူဟာစခန်းသည် ရခိုင်ပြည် အမ်းမြို့ ဝင်ပေါက် ရခိုင်ရိုးမတောင်ပေါ် မကွေးတိုင်း၊ ငဖဲမြို့နယ် အပိုင်ဖြစ်ပြီး စစ်ကောင်စီအတွက် မကွေးတိုင်း ဝင်ပေါက်ဖြစ်သဖြင့် အပြင်းအထန် ခုခံနေခြင်းဖြစ်သည်။

လက်ရှိတွင် နတ်ရေကန်ဗျူဟာကုန်းကြီးကို အာရက္ခတပ်တော်နှင့် မဟာမိတ်တပ်များက ဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်သားတစ်ချို့လည်း မကြာခဏ လက်နက်ချ အညံ့ခံမှုများ ရှိနေသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည် မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပြီးနောက် မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့ကို ၂၀၂၅ နှစ်ဆန်းပိုင်းက စ၍ ဆက်လက်ထိုးဆင်နေခြင်း ဖြစ်သည်။

ထို့အတူ အာရက္ခတပ်တော်၏ ထိုးစစ်များကြောင့် မကွေး၊ ပဲခူးတိုင်းတို့ရှိ ကပစ စက်ရုံများမှာလည်း လုံခြုံ‌ရေး စိုးရိမ်စရာ ဖြစ်လာနေကြောင်း စစ်ရေးနိုင်ငံရေးအကဲသူတို့က မှတ်ချက်ပြုနေကြသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...