ရေးမြို့နယ်က စစ်တပ် ကာကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရ

ရေးမြို့နယ်က စစ်တပ် ကာကင်းစခန်း နှစ်ခု တိုက်ခိုက်ခံရ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဧပြီ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ရေးမြို့နယ်တောင်ပိုင်း ရင်းဒိန်နဲ့ ရင်းရယ်ကျေးရွာအကြားမှာ တိုက်ကင်း လှည့်နေတဲ့ စစ်ကော်မရှင်တပ်ကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်ဘက်က ဗိုလ်တစ်ဦးနဲ့ တပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၅ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်မှာလည်း ခေါ်ဇာမြို့ အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အမှတ် ၃၁ ခြေလျင်တပ်ရင်း ကာကင်းစခန်း တိုက်ခိုက်မှုမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ညီနောင်တပ်ဖွဲ့တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွားအနီးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်သား တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...