အင်းလေးတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

အင်းလေးတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှု လျော့နည်းလာ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် သဘာဝဘေး မကြာခဏကြုံတွေ့နေရသောကြောင့် စပါးစိုက်ပျိုးမှုများ လျော့နည်းလာကြောင်း သတင်းရရှိသည်။

အင်းလေးဒေသအတွင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အတွင်း ငလျင်ဒဏ်နှင့် ရေကြီး ရေလျှံမှုတို့ကြောင့် စပါးခင်း ဧက ရာချီ ပျက်စီးခဲ့ပြီး ဒေသခံများ စီးပွားရေးများစွာ ဆုံးရှုံးခဲ့ရသည်။

လွန်ခဲ့သည့် (၂)နှစ်အတွင်း ရေကြီးရေလျှံမှုနှင့် ငလျင်ပြင်းထန်စွာ လှုပ်ခတ်မှုတို့တွင် ပါလာသည့် နုန်းမြေများကြောင့် အင်းလေးကန်အတွင်း မြေသားများမြင့်တက်လာပြီး ယခုနှစ် နွေရာသီတွင် ရေမျက်နှာပြင်မှာ တစ်ပေခွဲကျော်အထိ ကျဆင်းသွားကြောင်း သိရသည်။

ထိုသို့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုတို့ကြောင့် သီးနှံထွက်နူန်းများ ကျဆင်းလာပြီး ဒေသခံများ၏ စားဝတ်နေရေးအတွက် ထိခိုက်မှုများ ရှိလာကြောင်း အင်းလေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင်နှစ်တွေက ရေကြီးလိုက် ရေခမ်းခြောက်လိုက်နဲ့ ဆိုတော့ စိုက်ထားသမျှ သီးနှံတွေက ရေမြုပ်၊ နွေရာသီဆိုလည်း အပူရှိန်ကြောင့် အပင်သေကုန်တာ၊ ရင်းထားသမျှ အကုန်ရှုံးတာ၊ အရင်နှစ်ကဆို စပါကိုး ၅ ဧကလောက် စိုက်ရင် ဒီနှစ်တော့ ၃ဧကပဲ စိုက်တော့မယ်၊ ရှုံးလည်း အရင်နှစ်လို အများကြီး မရှုံးတော့ဘူးပေါ့၊ ကိုယ်စားဖို့ကျန်ရင် ရပြီ။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်စဉ် ဧပြီလတွင် ရေကျသောကြောင့် နွေစပါးစိုက်ပျိုးကြသော်လည်း နူန်းမြေများ မြင့်မှုကြောင့် စိုက်ပျိုးမှု မလုပ်နိုင်သည့်အပြင် အင်းလေးခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ငန်းများမှာ ရေမရှိသောကြောင့် ရပ်နားထားရကြောင်း ၎င်း အမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့အပြင် အင်းလေးကန်၏ ‌‌ဂေဟစနစ် ပျက်စီးယိုယွင်းလာသည်မှာ ရေဝေရေလဲ သစ်တောပြုန်းတီးမှုများ၊ လူဦးရေထူထပ်လာသည်နှင့် စိုက်ပျိုးတောင်ယာချဲ့ထွင်ခြင်း၊ ဒေသခံများ မီးသွေးလုပ်ကာ စီးပွားအရ ပြန်လည်ရောင်းချခြင်းတို့ကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အင်းလေးကန် ပျက်စီးနေတာက ကြာပါပြီ၊ သဘာဝဘေးကြောင့်လည်း ပျက်စီးသလို လူလုပ်ဘေးတွေကြောင့်က ပိုပျက်စီးတာပေါ့၊ အဓိကတော့ ရေရနိုင်မဲ့ နှစ်ရှည်ပင်တွေကို စိုက်ပျိုးသင့်တယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

အင်းလေးကန်သည် အင်းသူ၊ အင်းသားများ၏ အသက်သွေးကြောဖြစ်သည့်အပြင် ပညာရေး၊ ကျန်းမာရေး စီးပွားရေး အစရှိသည်တို့ကို အင်းလေးကန်ကို မှီခိုနေကြရသည်။

ထို့အပြင် အင်းလေးဒေသအပါဝင် သျှမ်းတောင်တွင် ယခင်နှစ်များထက် အပူရှိန် ပိုမိုမြင့်တက်လာပြီး တစ်နှစ်ထက် တစ်နှစ်ပို၍ ပူလာသည်ကို ခံစားလာနေရသည်။

ယခုလက်ရှိ အင်းလေးကန်သည် မိုးအနည်းငယ်ရွာလျှင် ရေများတက်လာပြီး နေပူရှိန်ပြင်းလျှင် ကုန်းမြေများ ပေါ်သည်အထိ ရေခမ်းခြောက်မှုများ ဖြစ်ပေါ်လာနေကြောင်း သိရသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...