ပုသိမ်တွင် စစ်ကော်မရှင်တပ်သားအချင်းချင်းဓားထိုးမှုဖြစ်ပြီး သေဆုံး

ပုသိမ်တွင် စစ်ကော်မရှင်တပ်သားအချင်းချင်းဓားထိုးမှုဖြစ်ပြီး သေဆုံး

မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက လူသတ်မှုဖြစ်ပွားပြီး တဦးသေဆုံးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းအချို့က မဇ္ဈိမကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါရုံး၏ ဝင်ပေါက်တွင် လုံခြုံရေးယူထားသည့် ကင်းတဲမှ ကင်းစောင့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အချင်းချင်းစကားများရာက ဓားထိုးမှုဖြစ်ကာ တဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထွေအုပ်ဝန်ထမ်းတဦးက ပြောသည်။

"မူးပြီးစကားများတာကနေ တယောက်က ဓါးနဲ့ထထိုးတာ နှစ်ယောက်လုံး တပ်သားတွေချည်းပဲ။ အခင်းဖြစ်တဲ့နေရာမှာပဲ ဓါးနဲ့အထိုးခံရတဲ့ စစ်သားသေသွားတယ်" ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဉ်သည် ညအချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် သေဆုံးသူစစ်ကော်မရှင်တပ်ဖွဲ့ဝင်၏ အလောင်းကို ဧပြီ ၃ ရက် ညတွင်ပင် ရုံးအတွင်းရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက အလောင်းဖျောက်လိုက်ကြကြောင်း အထက်အရာရှိများကသိရှိသော်လည်း သတင်းဖုံးထားကြောင်း နောက်ထပ်ဝန်ထမ်းတဦးက ဆိုသည်။

ယင်းပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကော်မရှင်တပ်က ရုံး၌ဝင်ရောက်တပ်စွဲကာ ရုံးရှေ့လမ်းများတွင်လည်း ပြည်သူလူထုဖြတ်သန်းသွားလာ၍မရအောင် သံဆူးကြိုးများကာရံထားသဖြင့် လူသတ်မှုကို မည်သူမှမသိရှိလိုက်ကြောင်း ပုသိမ်ဒေသခံများက ပြောသည်။

အဆိုဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးသို့ မဇ္ဈိမက ဧပြီ ၇ ရက် မွန်းလွဲပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။

ထိုသို့ဖြစ်ပွားခဲ့သော လူသတ်မှုသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရုံးအတွင်း ပထမဆုံးဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်သည်ဟု သိရသည်။

Mi 17 လေယာဉ်တိုက်ခိုက်မှုမှာ သေဆုံးခဲ့တဲ့ လေတပ်ဗိုလ်ကြီး၏ပုံမှာ အမှားသာဖြစ်
June 27, 2026
မကွေးတိုင်း မြိုင်မြို့နယ်မှာ စစ်အုပ်စုတပ်ရဲ့ Mi 17 လေယာဉ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက...
June 27, 2026
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ဂျိတ်လွယ်ကျေးရွာအနီး မြေရှားသတ္တု တူးဖော်နိုင်ရေး ကြိုးပမ်းလုပ်...
စစ်မှုထမ်း အမှတ်(၄) သင်တန်းသားများအား မြင်တွေ့ရစဥ်(MOI)
June 26, 2026
ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ခရီးသည်တင်ကားများဖြင့် လာသည့် လူငယ်၊ လူရွယ်...
June 25, 2026
ကချင်ပြည်နယ်၊ ရွှေကူခရိုင်အတွင်း နေထိုင်ကြသည့် ဒေသခံများနှင့် လုပ်ငန်းရှင်များအနေဖြင့်...