အမျိုးသမီးသတင်းထောက်တွေ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကြုံနေရ

အမျိုးသမီးသတင်းထောက်တွေ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကြုံနေရ

စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ သတင်းရယူနေတဲ့ အမျိုးသမီးသတင်းထောက်တွေ အထူးသဖြင့် ပဋိပက္ခဇုန်က အမျိုးသမီးသတင်းထောက်တွေဟာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုနဲ့ ရင်ဆိုင်ကြုံနေရတယ်လို့ ဧပြီလ ၆ ရက်နေ့မှာ ထုတ်ဝေတဲ့ Myanmar Women in Media (MWiM) ရဲ့ “Frontline HerStories – ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏ အသံများ" အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အဲဒီ စိန်ခေါ်မှုတွေထဲမှာ အမျိုးသမီးသတင်းထောက်တွေက ရှေ့တန်းနဲ့ စစ်ဆေးရေးဂိတ်တို့မှာ ဂျန်ဒါအခြေပြုအကြမ်းဖက်မှု GBV နဲ့ ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာမှာပြောပါတယ်။ GBVလို့ ပြောရာမှာ စစ်ဇုန်အတွင်း အမျိုးသားတွေအတွက် စီမံထုတ်လုပ်ထားတဲ့ စစ်ဖက်ဆိုင်ရာအကာအကွယ်ပစ္စည်းတွေရှိပေမယ့် အမျိုးသမီးတွေအသုံးပြုနိုင်တဲ့ လုံခြုံရေးဆိုင်ရာအကာအကွယ်မရှိတာလည်း ပါဝင်တယ်လို့ပြောပါတယ်။

အမျိုးသမီးသတင်းထောက်တွေကို သတင်းရေးသားလို့ဖြစ်စေ ၊ သတင်းအရင်းအမြစ်နဲ့ရင်းနှီးအောင် နေထိုင်ရတာတွေကြောင့်ဖြစ်စေ ‘ဒလန်’ လို့လည်း စွပ်စွဲခံကြရတယ်လို့လည်း အစီရင်ခံစာက ပြောပါတယ်။ ဒါ့အပြင် ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်အကြမ်းဖက်မှုတွေကိုပါ အမျိုးသမီးသတင်းထောက်တွေက ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

ဒီအပေါ်မှာ ကရင်နီပြည်တွင်းက အမည်မဖော်လိုတဲ့ အမျိုးသမီးသတင်းထောက်တဦးက “ ကျား၊မ အခြေပြုအကြမ်းဖက်တာဆိုရင် ကြုံရတာပေါ့ အမြဲလိုလို။ စစ်ဘေးရှောင်စခန်းအထိသွားတာမျိုးတွေက သိပ်တော့ မသိသာပေမယ့် တခြား ကဏ္ဍတွေမှာပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေး အပေါင်းသင်းတွေကြားမှာပဲဖြစ်ဖြစ်ပေါ့နော။ နင်ကမိန်းကလေးမို့လို့ ဆိုပြီး စတာ ၊ စသလိုနောက်သလိုနဲ့ ပြုံးစိစိနဲ့ ခေါ်တာတွေလည်းကြုံရတယ်။ ဒါက အပြင်ပန်းကကြည့်ရင်ဘာမှမဟုတ်ပေမယ့် စိတ်ထဲမှာတော့ မလုံခြုံဘူးလို့ခံစားရတာပေါ့နော်” လို့ ပြောပါတယ်။

အစီရင်ခံစာအတွက် သုတေသန လုပ်ရခြင်းရည်ရွယ်ချက်က မီဒီယာလုပ်ငန်းမှာ လိင်အခြေုပြု ကွာခြားတာမှုကို သိလိုတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာက ပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီ၊ ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ ရှမ်း၊ ချင်း ဒေသတွေ အပါအဝင် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အမျိုးသမီးသတင်းထောက် ၃၀ ဦးနဲ့ အမျိုးသမီးသတင်း အယ်ဒီတာ ၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း၊ အမျိုးသမီးအခွင့်အ‌ရေးလုပ်ရှားသူအပါအဝင် ၇ ဦး တို့ကို မေးမြန်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...