ရခိုင်တွင် တစ်လအတွင်း အကြမ်းဖက်စစ်တပ်ဗုံးကြဲ၍ စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၇ ဦးသေဆုံး

ရခိုင်တွင် တစ်လအတွင်း အကြမ်းဖက်စစ်တပ်ဗုံးကြဲ၍ စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၇ ဦးသေဆုံး

ကျော်သီဟ — ရခိုင်ပြည်တွင် ပြီးခဲ့သည့်မတ်လအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းအသုံးပြုကြဲ၍တိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် စစ်သုံ့ပန်းနှင့် အရပ်သား ၁၁၇ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု နိရဉ္စရာသတင်းဌာနက ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။

ဤအချက်အလက်များမှာ ပြီးခဲ့သည့် မတ်လအတွင်းတွင် အကြမ်းဖက်စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်အတွင်း အမ်းမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်တို့တွင် ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

မတ်လ (၈) ရက်နေ့က အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို အကြမ်းဖက်လေတပ်က ဗုံးကြဲခဲ့မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (၁၁၆) ဦးသေဆုံးပြီး (၃၂) ဦးဒဏ်ရာရရှိခဲ့သည့်အတွက် အစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံးဖြစ်ခဲ့သည်။

မတ်လ (၁၉) ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် ရေကြောင်းတို့ဖြင့် တရစပ်တိုက်ခိုက်၍ စစ်ရှောင်အမျိုးသားတစ်ဦးသေဆုံးခဲ့ရသည်။

အလားတူ မတ်လ (၂၃) ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့ကို အကြမ်းဖက်စစ်ကော်မရှင်တပ်က အသေခံဒရုန်းလေးစီးဖြင့်ဗုံးကြဲ၍ ကလေးတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးအပါအဝင် အရပ်သားလေးဦးဒဏ်ရာရရှိသွားခဲ့သည်။

စစ်ကော်မရှင်သည် ရခိုင်ဒေသအတွင်း စစ်ရေးရှုံးနိမ့်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ အရပ်သားများရှိရာ မြို့/ရွာများကို လက်နက်ကြီး၊ လေကြောင်းနှင့် ရေကြောင်းများအသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်သည်။

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသည်မှာ ကာလအတန်ကြာရှိနေပြီဖြစ်ပြီး စစ်ကော်မရှင်က လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများနှင့် မြို့နယ်များကို ပြန်လည်ရရှိရန် ကြိုးပမ်းသည့်အနေဖြင့် အရပ်သားများကိုပါ ပစ်မှတ်ထားသည့် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ တစ်လအတွင်းတွင်လည်း ရခိုင်ပြည်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်မှုတို့ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၃၉) ဦးသေဆုံးပြီး (၄၅) ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု နိရဉ္စရာ၏ မှတ်တမ်းအရ သိရသည်။

ရခိုင်ပြည်သည် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်အထိ စစ်အာဏာသိမ်းကာလအတွင်း တစ်နိုင်ငံလုံးတွင် စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ဒုတိယအများဆုံး ဒေသဖြစ်သည်ဟု သိရသည်။

နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...
ဓာတ်ပုံ - PBS News
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ် အမြင့်ကျွန်းမှ ရွှေမင်းဂံချောင်းဝအထိ...
စစ်တွေလေဆိပ် - ဓာတ်ပုံ - နိရဉ္စရာ
September 14, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်တွေလေဆိပ်တွင် လက်ရှိ စစ်ရေးအခြေအနေများကြောင့် စစ်အုပ်စုက...
ဓာတ်ပုံ - အာရက္ခတပ်တော် / ပုံဟောင်း
September 12, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ အဝတောင်ကျေးရွာ အနီးတွင် အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားသည့်...