သမ္မတသစ် မင်းအောင်လှိုင်ကို ဂျာကာတာမှာ တရားစွဲမည်

သမ္မတသစ် မင်းအောင်လှိုင်ကို ဂျာကာတာမှာ တရားစွဲမည်

စစ်တပ်လွှတ်တော်မှတစ်ဆင့် သမ္မတ ဖြစ်လာသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ တရားစွဲမည်ဟု သိရသည်။

အတုအယောင် ရွေးကောက်ပွဲများအပြီး သမ္မတ ရာထူးယူရန် ပြင်ဆင်နေသော စစ်အာဏာရှင် မင်းအောင်လှိုင်ကို လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဧပြီလ ၆ ရက်မှာ ဂျာကာတာမြို့ရှိ အစိုးရရှေ့နေရုံးမှာ အမှုဖွင့်သွားမည်ဟု ဧပြီလ ၃ ရက်မှာ တရားလိုအဖွဲ့အစည်းများက ပူးပေါင်းကြေညာသည်။

“အတုအယောင် ရွေးကောက်ပွဲတွေအပြီး မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတအဖြစ် ကြေညာနေချိန်မှာပဲ အခုလို လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်အသစ်တွေ ထွက်ပေါ်လာတာဟာလည်း ထူးခြားတဲ့ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒီလို အဆင့် မရှိတဲ့ အာဏာရှင်က သူ့ကိုယ် သမ္မတပါလို့ ရာထူးတပ်နေရင် ပြည်သူလူထုအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တရားဥပဒေ စိုးမိုးရေးအပေါ်မှာ ဘယ်လောက်တောင် ပြောင်ပြောင်တင်းတင်း စော်ကားပြုမူနေသလဲဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်” ဟု Myanmar Accountability Project အဖွဲ့၏ ဒါရိုက်တာ Chris Gunness က ပြောသည်။

Rohingya Maiyafuinor Collaborative Network ၊ THEMIS Indonesia Legal Political & Strategic Advisory နှင့် Myanmar Accountability Project တို့ ပူးပေါင်းပြီး လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူ Yasmin Ullah နှင့် အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့နေချုပ်ဟောင်း Marzuki Darusman၊ Muhammadiyah ၏ ဥက္ကဋ္ဌ Busyro Muqodda တို့အပါအဝင် လူပုဂ္ဂိုလ် ၁၀ ဦးက ဦးဆောင်တရားစွဲမည်ဟု သိရသည်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သက်သေအထောက်အထားများကိုလည်း တင်ပြသွားမည်ဖြစ်ပြီး ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားစာတွင် လူမျိုးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့သော ခြေလျပ်တပ်မဌာနချုပ်များ၏ အမည်များကိုလည်း အတိအကျ တင်သွင်းမည်ဟု သိရသည်။

လူမျိုးတုံးသတ်ဖြတ်သည့် ရည်ရွယ်ချက်ကို တိုင်ကြားစွာတွင် ရှင်းလင်းစွာ ဖော်ပြထားပြီး စစ်အာဏာရှင် မင်းအောင်လှိုင်၏ အမိန့်ပေး စေခိုင်းမှုနှင့် ကွပ်ကဲမှုတို့ကို ခြေရာခံ တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျာကာတာတွင် တရားစွဲဆိုမှု မင်းအောင်လှိုင်အမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူအရ တရားစွဲ တိုင်ကြားမည်ဟု သိရသည်။

၂၀၂၆ ဇန်နဝါရီလမှာ စတင်အသက်ဝင်သည့် အင်ဒိုနီးရှားနိုင်ငံ၏ အသစ်ပြဋ္ဌာန်းထားသော ရာဇသတ်ကြီးတွင် လူမျိုးတုံး သတ်ဖြတ်မှုကဲ့သို့သော ရာဇဝတ်မှုများအတွက် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးနိုင်ရန် ပြဋ္ဌာန်းခွင့်ပြုထားသည်ဟု သိရသည်။

Most read this week

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...