ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အာရှလမ်းမကြီး ကုန်တင်ကားကြီးများ ဖြတ်ခွင့်မပေးသေး

ပြန်လည်ဖွင့်လှစ်လိုက်တဲ့ အာရှလမ်းမကြီး ကုန်တင်ကားကြီးများ ဖြတ်ခွင့်မပေးသေး

တိုက်ပွဲတွေကြောင့် ၂ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းမဖြစ်တဲ့ အာရှလမ်းမကို ဖွင့်လှစ်လိုက်တာပါ။

အာရှလမ်းမဖြစ်တဲ့ မြဝတီ-ကော့ကရိတ် - ဘားအံ အာရှလမ်းမကြီးကို ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပေမဲ့ ကုန်တင်ကားကြီးတွေ ဖြတ်သန်းသွားလာခွင့် မပြုသေးဘူးလို့ ဒေသခံများမှ သိရပါတယ်။

“ ဒီနေ့သွားကြတယ်။ ကုန်ကားတွေတော့မဟုတ်ဘူး။ ဒီတိုင်းကားသေးလေးတွေပေါ့ ဆိုင်ကယ်တွေသွားတယ်။ ခုမှစဖွင့်တာဆိုတော့လေ လမ်းပိုင်းကလည်း ကားပိတ်မှာစိုးလို့ထင်တယ် အိမ်စီးကားတို့လိုင်းကားတို့လောက်ပဲ သွားခိုင်းတာ။ ကုန်ကားတွေက နောက်လွတ်ရင်လွတ်မှာပေါ့။ အခုတော့ မသွားခိုင်းသေးဘူး” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။

စစ်ကော်မရှင်အနေနဲ့ ကုန်တင်ကားကြီးတွေကို ဖြတ်သန်းသွားလာခွင့် မပြုသေးတာဟာ လုံခြုံရေးစိတ်မချရတဲ့အတွက်ကြောင့် ထုတ်ပြန်ထားပါတယ်။

လမ်းဖွင့်ပွဲ အခမ်းအနားကို ဘားအံမြို့နယ် တံတားဦးကျေးရွာ လွန်းညရေပြာအိုင်အနီးမှာ ကျင်းပခဲ့တာဖြစ်ပြီး ကရင်ပြည်အစိုးရဝန်ကြီးချုပ် ဦးစောမြဦးနဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကာ လူပေါင်း ၄၀၀ နီးပါးနဲ့ ဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။

အာရှလမ်းမကြီး ပြန်လည်ဖွင့်မှုနဲ့အတူ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ယခု ဧပြီလအတွင်းမှာ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ နယ်စပ်ကုန်သည်များနဲ့ ဒေသခံများကတောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒီလမ်းပိုင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၊ နယ်စပ်ကုန်သွယ်ရေးစခန်းအနီးတိုက်ပွဲတွေဖြစ်ပွားတဲ့ ၂၀၂၄ ခုနှစ်ကစလို့ လမ်းပိုင်းတွေပိတ်ထားကြတာလည်းဖြစ်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်ကနေ ကုန်သွယ်မှု ပမာဏာ ဒေါ်လာ သန်းတစ်ထောင်နီးပါးရှိနေတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...