စက်သုံးဆီဈေးမြင့်တက်၍ လယ်ယာစိုက်ပျိုးရေး အခက်ကြုံ

စက်သုံးဆီဈေးမြင့်တက်၍ လယ်ယာစိုက်ပျိုးရေး အခက်ကြုံ
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလပိုင်းက စက်သုံးဆီဝယ်ယူလို့မရဘဲ ပြတ်လပ်ခဲ့ချိန် အချိန်မှီထွန်ယက်ပြီးစီးရန် လူအင်အားသုံးထွန်ယက်ခဲ့ရစဉ်။

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်မှာ စက်သုံးဆီဈေးမြင့်တက်နေတာကြောင့် တောင်ယာ၊ လယ်ယာနဲ့ အခင်းလုပ်ကိုင်မယ့် တောင်သူတွေအခက်တွေ့နေကြတယ်လို့ သိရပါတယ်။

စက်သုံးဆီ စခက်ခဲခဲ့တဲ့ မတ်လဆန်းကနေ နောင်မွန်မှာလည်း တစ်လီတာမပြည့်တဲ့ ဓာတ်ဆီ တစ်ပုလင်းကို ကျပ်ရှစ်ထောင်ကနေ တစ်သောင်းနှစ်ထောင်နဲ့ တစ်သောင်းငါးထောင်ထိ မြင့်တက်သွားတယ်လို့ နောင်မွန်ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကိုပြောပါတယ်။

"လောလောဆယ်တော့ စက်သုံးဆီဈေးတအားဈေးကြီးလို့ ပြည်သူတွေ လယ်လုပ်ချိန်လည်း ဖြစ်လာတော့ ဘယ်လိုလုပ်ကိုင်ရမလဲ စိတ်ညစ်နေရတယ်။ အရမ်းခက်နေတာ။ ပူတာအိုနဲ့ နောင်မွန်ကြားမှာလည်း ကားဈေးတွေ ကယ်ရီခတွေတအားတက်သွားတယ်။" လို့ ဆိုပါတယ်။

စက်သုံးဆီတွေ ဝယ်ယူလို့ရနေပေမဲ့ ဈေးမြင့်တက်သွားတာကြောင့် တောင်ယာအခင်းလုပ်မယ့် သူတွေလည်း ဒီဇယ်၊ဓာတ်ဆီတွေ မဝယ်နိုင်သေးဘူးလို့ဆိုပါတယ်။

လယ်ယာသုံးစက်ပစ္စည်းတွေ အတွက် ဒီဇယ်၊ဓာတ်ဆီ နှစ်မျိုးလုံးလိုအပ်တာနဲ့ ဒီဇယ်ဈေးတွေလည်းမြင့်တက်လာတာကြောင့် အခက်တွေ့နေရတယ်လို့ ဆိုပါတယ်။

နောင်မွန်မှာ ဆီဒိုင်မရှိဘဲ တနိုင်တပိုင်ရောင်းချသူတွေသာရှိတာကြောင့် စက်သုံးဆီတွေကို ဂါလံ၊ ပုလင်းတွေနဲ့ပဲ ရောင်းချကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အခုလို စက်သုံးဆီဈေးတွေမြင့်တက်လာတဲ့နောက် ပူတာအိုနဲ့ နောင်မွန်ကြား ကားခနဲ့ ကယ်ရီခတွေလည်း ပိုမြင့်တက်သွားပြီးတော့ ကုန်စည်တင်ခတွေ မြင့်တက်လာကြောင့် ဒေသတွင်း ကုန်ဈေးတွေလည်း ပိုပြီးကြီးမြင့်လာတယ်လို့ဆိုပါတယ်။

နောင်မွန်နဲ့ ပူတာအိုကြားမှာရှိတဲ့ ဂိတ်တွေမှာလည်း စက်သုံးဆီ ၅ ဂါလံဆန့် ပုံးဝါတစ်ပုံး တစ်ခါသယ်ရင် ကျပ်ငါးသောင်းလောက် တောင်းတာတွေရှိနေတာလို့လည်း သိရပါတယ်။

စက်သုံးဆီအကျပ်အတည်းကြုံလာရတဲ့နောက် ကချင်ကမြို့နယ်တချို့မှာလည်း စက်သုံးဆီ ဈေးတွေတောက်လျှောက်မြင့်တက်နေသလို တခြားမြို့ပြကြီးတွေမှာတော့ စက်သုံးဆီကို တန်းစီ စနစ်နဲ့ ဝယ်ယူနေရတာပါ။

နောင်မွန်ဒေသခံတွေဟာ စက်သုံးဆီတွေနဲ့ စားသောက်ကုန်တွေကို ပူတာအိုဘက်ကနေ အဓိက တင်သွင်းကြတာဖြစ်ပြီး ပူတာအိုထက် ကုန်ဈေးမြင့်တက်လေ့ရှိပါတယ်။

မှော်စီစာနှင့် ကုဋေလမ်းဆုံတွင် လေယာဉ်ဗုံးကျရောက်ပေါက်ကွဲစဉ်။ (Credit)
May 9, 2026
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စုအတွင်းကို စစ်အုပ်စုက...
ပုံဟောင်းဖြစ်ပါသည်။
May 8, 2026
မြစ်ဆုံဆည်ဆောက်မယ့်အပေါ်  ကန့်ကွက်မှုတွေရှိနေပေမဲ့ စစ်အုပ်စုဟာ အကောင်အထည်ဖော်နိုင်ရေး အတွက်...
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆဒုံးမြို့နယ်၊ ရှငေါ်နယ်မြေ တစ်နေရာတွင်ရှိသည့် ဘိန်းခင်းများအား KIA မှ ရှင်းလင်းနေစဉ်။
May 7, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) အနေနဲ့ တစ်နှစ်ကျော်အတွင်း ဘိန်းခင်းဧက ၈၃၀ ကျော်...
May 6, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသကိုဝင်တဲ့ လမ်းတွေပိတ်ထားတဲ့အပြင် တိုက်ပွဲတွေကြောင့် ဒေသတွင်း...