တစ်ပတ် နှစ်ကြိမ်သာ စက်သုံးဆီတွေကို ဝယ်ယူနိုင်မယ့် စနစ်စတင်

တစ်ပတ် နှစ်ကြိမ်သာ စက်သုံးဆီတွေကို ဝယ်ယူနိုင်မယ့် စနစ်စတင်

နေ့စဉ်ဆီတန်းစီစရာမလိုတော့ဘဲ စက်စွမ်းအားအလိုက်ဝယ်ယူခွင့်ပမာဏအတွက် အကြိမ်ရေနဲ့ ဝယ်ယူနိုင်မယ့်စနစ်ကို မတ်လ (၂၇) ရက်နေ့မှာ စတင်လိုက်ပြီဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ စွမ်းအင်ဝန်ကြီးဌာန ကထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့များတွင် ဒီကနေ့ကစ ရောင်းချနေတာဖြစ်ပြီး ကျန်မြို့တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

စနစ်အားအသုံးပြုရာတွင် မော်တော်ယာဉ်သက်သေခံလက်မှတ်(ဝှီးတက်) အာမခံ အမှတ်အသား ဟိုလိုဂရမ်ပါရှိမှသာ စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းက Scan (စကန်)ဖတ်ရောင်းချမှာဖြစ်ပြီး ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီးတဲ့ ပမာဏ၊ ကျန်တဲ့ ပမာဏများ ပေါ်လာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

တစ်ပတ်အတွင်းမှာ ဆိုင်ကယ်ဆိုရင် ၂ ကြိမ်နှုန်းနဲ့ ၈ လီတာ၊ သုံးဘီးဆိုရင် ၂၅ လီတာကို ၃ ကြိမ်ခွဲရောင်းမှာဖြစ်ပြီး အိမ်စီးကားနဲ့ ဌာနဆိုင်ရာကားတွေဆိုရင် စက်အင်ဂျင်စွမ်းအားအလိုက် (၂၀၀၀) စီစီ (၃၀၀၀) စီစီအထက်နဲ့ ၃၅ လီတာကနေ ၄၅ လီတာအထိ တစ်ပတ်အတွင်း ၂ ကြိမ်ခွဲပြီးဝယ်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။

လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုတ်ယာဉ်တွေကတော့ ခွဲတမ်း(Quota) သတ်မှတ်ထားတာ မရှိဘဲ လိုအပ်တဲ့ ပမာဏအတိုင်း ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တစ်ပတ်အတွင်း သတ်မှတ်ထားတဲ့ ခွဲတမ်းကျကို အပြီးအပြတ်ဝယ်ယူရမှာဖြစ်ပါတယ်။

ခရီးထွက်ခွာရင် မူလဝယ်ယူထားတဲ့ ငွေရှင်းပြေစာကိုပြသပြီး ရောက်ရှိရာ စက်သုံးဆီ အရောင်းဆိုင်များတွင် Scan ဖတ်ကာထပ်မံဝယ်ယူနိုင်တယ်လို့သိရပြီး ဒီစနစ်ကို Online Monitoring(အွန်လိုင်းစောင့်ကြည့်စနစ်) ဖြင့် ကြပ်မတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်က စက်သုံးဆီရက် ၅၀ စာကျန်ရှိပြီး လုံလောက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ပြောထားပေမဲ့ စျေးနှုန်းတွေမြင့်တက်လာသလို ဆီဝယ်ယူမှု အကန့်အသတ်တွေရှိလာနေဆဲလည်း ဖြစ်ပါတယ်။

စက်သုံးဆီစျေးနှုန်းတွေဟာလည်း ယခင်က စျေးနှုန်းတွေထက် ၄၀ ရာခိုင်နှုန်းမြင့်တက်လာနေတာဖြစ်ပါတယ်။

တန်းစီစရာမလိုအပ်ပဲ ဝယ်ယူလို့ရမယ်ဆိုပေမယ့် စက်သုံးဆီဆိုင်တွေရှေ့မှာ အနည်းဆုံး ၄ နာရီကြာ တန်းစီဝယ်ယူနေဆဲဖြစ်ပြီး သတ်မှတ်ထားတဲ့ရောင်းချပမာဏအတိုင်းမရရှိကြောင်း သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...