လေယာဉ်ဆီ အကန့်အသတ်တွေကြောင့် လေကြောင်းလိုင်းတွေ ပစ္စည်းသယ်ယူခွင့် အလေးချိန် ကန့်သတ်

လေယာဉ်ဆီ အကန့်အသတ်တွေကြောင့် လေကြောင်းလိုင်းတွေ ပစ္စည်းသယ်ယူခွင့် အလေးချိန် ကန့်သတ်

လေယာဉ်ဆီအခက်အခဲတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေကြတဲ့ MAI နဲ့ MNA လေကြောင်းလိုင်း တို့က ပစ္စည်းသယ်ယူခွင့် အလေးချိန်တွေကို ကန့်သတ်ကြောင်း ထုတ်ပြန်လာပါတယ်။

အပြည်အပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) က ပြည်ပခရီးစဉ်များအတွက် နဲ့ မြန်မာအမျိုးသားလေကြောင်း (MNA) က ပြည်တွင်း/ပြည်ပခရီးစဉ်များအားလုံးလို့ဆိုထားပြီး အသီးသီးထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

သယ်ဆောင်နိုင်တဲ့ ခရီးဆောင်အိတ် အလေးချိန်များမှာ Business Class(အထူးတန်း)အတွက် 30KG ၊ Economy Class (ရိုးရိုးတန်း) အတွက် 20KG၊ Hand-carry (လက်ဆွဲအိတ်) ဆိုရင် 7KG သာအများဆုံးခွင့်ပြုပြီး Excess Baggage (အပိုအလေးချိန်)ကို အများဆုံး ၅ ကီလိုဂရမ်သာ ခွင်ံ့ပြုကြောင်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁ ရက်နေ့ကစလို့ အကျုံးဝင်မှာဖြစ်ပြီး လေကြောင်း ခရီးစဉ်များကိုအခက်အခဲမရှိ ဆက်လက်ပြေးဆွဲနိုင်ရန်အတွက် ခရီးဆောင်အိတ်အလေးချိန် ကန့်သတ်ချက်များကို မဖြစ်မနေ လျှော့ချသတ်မှတ်ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

လေကြောင်းလိုင်း နှစ်ခုစလုံးက အခုလိုလုပ်ဆောင်ရတာဟာ လေယာဉ်ဆီအကန့်အသတ်ကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ပစ္စည်းအပိုသယ်ဆောင်ခွင့်ကိုလည်း နောက်ထပ် အကြောင်းကြားစာ မထုတ်ပြန်မခြင်း ရပ်နားထားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ခရီးဆောင်အိတ်တွေရဲ့အလေးချိန်ကို 20 KG အထိ လျှော့ချကန့်သတ်ထားတာဖြစ်ပါတယ်။

အခုလိုလေယာဉ်ဆီအခက်အခဲများကြောင့် ပြည်တွင်းရှိလေကြောင်းခရီးစဉ်များအားလုံးကို ရပ်နားခြင်းများ ပြုလုပ်နေတယ်လို့သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...