နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေရဲ့ရွာမှာ အကူညီတွေလိုအပ်

နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေရဲ့ရွာမှာ အကူညီတွေလိုအပ်

ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး အကူညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။

တောင်ယာအခင်းလုပ်ငန်းတွေကို ဘိုးဘွားတွေက နိုင်သလောက်လုပ်ကိုင်ကြပေမဲ့ ရရှိလာတဲ့ ရိက္ခာတွေ ဖူလုံမှုမရှိတာကြောင့် မိုးတွင်းကာလဖြတ်သန်းနိုင်ဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဘိုးဘွားတွေကို အကူညီပေးနိုင်ရေး ဆောင်ရွက်နေသူက မြစ်ကြီးနား သတင်း ဂျာနယ်ကို အခုလိုပြောပါတယ်။

"သူတို့က လုပ်တဲ့တောင်ယာကနေ မိုးတွင်းဖူလုံအောင်မရတော့ မိုးတွင်းမှာစားဖို့ ရိက္ခာဆန် အဓိက လိုပါတယ်။သူတို့နိုင်သလောက် တောင်ယာလုပ်တယ်။ စပါးစိုက်တယ်။ ပြောင်းဖူး တွေစိုက်တယ်။ဒါပေမဲ့သူတို့လုပ်တဲ့ဟာကို ကောင်းကောင်းမစောင့်ရှောက်နိုင်တာပေါ့နော်။ ကြွက်တို့၊တောကောင်တွေက ဖျက်ဆီးတာ၊ ငှက်တွေစားတာ အဲဒီလိုမျိုးနဲ့ သူတို့ ကြိုးစား သလောက်မရဘူးပေါ့။" လို့ ဆိုပါတယ်။

သက်ကြီးဘိုးဘွားတွေသာရှိတဲ့ကျေးရွာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း စားဝတ်နေရေးကျပ်တည်းမှုတွေ ကြုံနေရတာဖြစ်သလို အဓိကအနေနဲ့တော့ မိုးတွင်းကာလမှာ ဖြတ်သန်းနိုင်ဖို့ ဆန်အကူညီတွေ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

စားနပ်ရိက္ခာလိုအပ်နေတဲ့အပြင် ဘိုးဘွားတွေမှာ ခြေဆစ်လက်ဆစ်ကိုက်တာနဲ့ ခါးနာတဲ့ဝေဒနာတွေရှိတာကြောင့် ဆေးဝါးနဲ့ အားဆေး အကူညီတွေလည်း လိုအပ်နေပြီး အဲဒီ ခူထီရွာမှာရှိတဲ့ ၁၁ တန်းအရွယ်ကျောင်းသားအတွက်လည်း ပညာရေး အထောက်ပံ့ လိုအပ်နေတာလို့ ဆိုပါတယ်။

ခူထီကျေးရွာမှာတော့ သက်ကြီးဘိုးဘွားတွေနဲ့ မသန်စွမ်းသူတချို့အပါအဝင် ၁၉ ဦးရှိတယ်လို့ သိရပါတယ်။ ကဆန်ချောင်း အဆုံးမှာရှိတဲ့ ခူထီရွာဟာ အရင်ကတော့ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ရွာဖြစ်ခဲ့ပေမဲ့ ပြောင်းရွှေ့နေထိုင်သွားကြတဲ့နောက် သက်ကြီးဘိုးဘွားတွေပဲ နေထိုင်ကြတော့တာ ဖြစ်တယ်လို့ သိရပါတယ်။

နောင်မွန်မြို့နယ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက အစွန်ဆုံးဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို ပူတာအိုဒေသထက် ကုန်ဈေးကြီးမြင့်လေ့ရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...