ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ

ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ
ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းများကို မိလ္လာခပ်ခိုင်းနေ

ဓာတု — ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး မိလ္လာခပ်ခိုင်းခြင်းကဲ့သို့ အလုပ်များ စေခိုင်းနေကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

အကျဥ်းထောင် ဝန်ထမ်းများကို လာဘ်ထိုးထားသူများ( ထောင်အခေါ် ဘောင်ချာဖြတ်ထားသူများ) က လွဲ၍ လာဘ်ပေးရန် မတတ်နိုင်သည့် ကျန်အကျဉ်းသားကိုလည်း ဖိနှိပ်နေကြောင်း သိရသည်။

“သူငယ်ချင်းရဲဘော် တယောက်က လှမ်းပြောတယ်။ ဒိုက်ဦးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအမှု အခြေအနေက တော်တော်ဆိုးနေတယ်။ အဆောင်တွေလည်းပြောင်းတယ်။ နိုင်ကျဉ်းတွေကို မိလ္လာရေတွေ ခပ်ခိုင်းတယ် ။ အလုပ်ကြမ်းတွေမတရားခိုင်းတယ် ။ မတရားနှိပ်စက်ခံရတဲ့ ဒဏ်တွေရှိတဲ့ သူတွေကိုလည်းခိုင်းတယ်။” ဟု အကျဥ်းထောင်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

အကျဥ်းသားအခွင့်အရေးတောင်းဆိုသူများကိုလည်း ခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်း ၊ ထောင်ပြောင်းရောက်လာသည့် နိုင်ကျဥ်းများ၏ ထောင်ဝင်စာ ပါဆယ်ထုတ်များပါ အစားအသောက်၊ ဆေးဝါးနှင့် စာအုပ်များကိုလည်း ဖြတ်ယူသိမ်းဆည်းကြောင်း ၎င်းက ဆိုသည်။

အကျဥ်းထောင် (၁)ဆောင် အဆောင်မှူးက နိုင်ငံရေးအကျဥ်းသားများကို ရိုက်နှက်ပြီးနောက် လုံလောက်သည့် ဆေးဝါးကုသမှုမပေးကြောင်း ထိုအကျဥ်းထောင်မှ လွှတ်မြောက်လာသူ နိုင်ကျဥ်းဟောင်း တဦးက ဆိုသည်။

“တိုက်ထဲရောက်လို့ အရိုက်ခံရတာ နံရိုးတွေအက်တာ၊ ကျောက်ကပ်တွေလည်းဖြစ် အူကျနေတာကိုပါ မတရားရိုက်တာ။ ဆေးဝါးတွေ သွင်းရင်လည်း နိုင်ငံရေးအကျဉ်းသားတွေ အပြည့်အဝမရဘူး၊ ဖြတ်စားလတ်စားလုပ်တယ်။ ရိုက်နှက်မှုတွေရှိတယ်။ ထမင်းတွေ မကျက် ၊ သိုးနေတဲ့အရာတွေ ကျွေးတယ်။ သူတို့ လူအင်အားမလောက်ဘူး အကြောင်းပြတယ်”ဟု ၎င်းက ပြောသည်။

အရေးပေါ်ဆေးကုသမှုခံယူနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ ကိုယ်ထူကိုယ်ထ ပြုလုပ်ထားသည့် ဆေးပဒေသာပင်(တန်ဖိုး သိန်း ၃၀ ကျပ်ခန့်)ကိုလည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ဒီဇင်ဘာလ ၂၉ ရက်ကလည်း ထောင်အာဏာများက သိမ်းယူသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒုထောင်ပိုင်ကလည်း ဆေးဝါးလုံလောက်ရန် တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၏ နာမည်စာရင်းများ မှတ်ထားကာ စာရင်းပါသူများအား လေးဘက်ထောက်ခိုင်း၍ ရိုက်နှက်ခြင်း၊ ထောင်တွင်း ရှာဖွေရေးဝင်ရာတွင်လည်း အကျဥ်းသားပိုင် ဆေးဝါးနှင့် အစာများ သိမ်းဆည်းခြင်းတို့ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ဒိုက်ဦးအကျဉ်းထောင်သည် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ထောင်အာဏာပိုင်၊ထောင်ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ညှင်းပန်းမှုများ ပိုမိုလုပ်ဆောင်နေ၍ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့်အကျဉ်းထောင်တခုဖြစ်သည်။

Most read this week

ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...