ဗန်းမောက်မြို့နယ်အတွင်းကစစ်ရှောင်များ နေရပ်ပြန်ရေး ဆွေးနွေး

ဗန်းမောက်မြို့နယ်အတွင်းကစစ်ရှောင်များ နေရပ်ပြန်ရေး ဆွေးနွေး

ဗန်းမောက်မြို့နယ်အတွင်းက စစ်ဘေးတိမ်းရှောင်နေရသူတွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီ ဆရာတော် ၊ ကတူးဆရာတော်တွေနဲ့ ကတူးအရပ်ဘက်အဖွဲ့အစည်းတွေက ဆွေးနွေးမှုတစ်ရပ်ပြုလုပ်ခဲ့ကြတယ်လို့ ကတူးလူငယ်အဖွဲ့ချုပ်က မတ်လ ၁၇ ရက်က ထုတ်ပြန်လာပါတယ်။

မိုးဦးမကျမှီ လယ်ယာလုပ်ငန်းခွင် ပြန်လည်လုပ်ကိုင်နိုင်ရေး နဲ့ စစ်ဘေးရှောင်များရဲ့စိုးရိမ်ပူပန်မှုအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်သားသစ် စုဆောင်းလာနိုင်မယ့်အရေးကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ရှမ်းနီသံဃာတော်များက ဝိုင်းဝန်းကူညီမယ့်အရေးကို ဆွေးနွေးခဲ့ကြသလို ရှမ်းနီ -ကတူး ချစ်ကြည်ရင်းနှီးမှုတွေကို ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ ကတူးလူငယ်အဖွဲ့ချုပ်ဆီကနေ သိရပါတယ်။

“ စစ်ရှောင်ပြည်သူများနေရပ်ပြန်၍ မိမိနေအိမ်များတွင်ပြန်လည်နေထိုင်ခွင့်ရရှိကာ လယ်ယာစိုက်ပျိုးရေးများပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပြည်သူများအပေါ်စာနာငဲ့ညှာထောက်ထားသောအားဖြင့် ကူညီပေးကြပါရန် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို အနူးအညွှတ်မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” လို့  ထုတ်ပြန်ကြေညာထားပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွေကြောင့် ဗန်းမောက်မြို့ခံတွေအပါအဝင် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံတွေအားလုံးဟာ ဗန်းမောက်မြို့အနောက်ဘက်ခြမ်း ၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေဆီကို စစ်ဘေးရှောင်ခဲ့ကြရတာပါ။

တချို့စစ်ဘေးရှောင်တွေဟာ ဟုမ္မလင်းမြို့နယ်အတွင်းကိုလည်း တိမ်းရှောင်ကြပြီး ရှမ်းနီအရပ်ဘက်အဖွဲ့အစည်း ၊ SNA တပ်တွေက ကူညီထောက်ပံ့ထားသလို ကတူးအရပ်ဘက်အဖွဲ့အစည်းတွေကလည်း ကူညီခဲ့ကြတယ်လို့သိရပါတယ်။

ဗန်းမောက်မြို့သိမ်းတိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်ရသူတွေကို ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတွေကသာ ကူညီကြပြီး ဘုန်းကြီးကျောင်းများ ၊ စာသင်ကျောင်းတွေမှာ နေထိုင်နေကြရတာလည်းဖြစ်ပါတယ်။

ဗန်းမောက်မြို့ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ SNA က ပြန်လည်သိမ်းပိုက်ထားခဲ့ပြီး လာမယ့်လအတွင်းမှာ ပြန်လည်နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်နေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူထံကနေ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...