ဟားခါးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး

ဟားခါးမြို့ပေါ် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကော်မရှင် ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိကြောင်း သိရသည်။

ယနေ့ မတ်လ ၁၁ ရက် မနက် ၈ နာရီခန့်က ဟားခါးမြို့၊ ပြည်တော်သာ ရပ်ကွက်တွင် ဒေသခံပြည်သူများထံကို ယာဉ်မောင်းလိုင်စင်များ စစ်ဆေးပြီး ငွေကြေးအတောင်းကြမ်းနေသော ရဲတပ်ဖွဲ့ဝင်များကို CDF - ဟားခါးက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီနေ့ မနက် ၈ နာရီကျော်ကျော်လောက်မှာ ပြည်တော်သာရပ်ကွက်မှာ ရဲက ဆိုင်ကယ် ယာဉ်မောင်းလိုင်စင်တွေ စစ်ပြီးတော့ ပိုက်ဆံတွေ မတရားတောင်းလို့ ကျနော်တို့ ပစ်ထားတယ်။ တစ်ယောက်သေတယ်။ ဒဏ်ရာ ရသူတွေ လည်း ရှိတယ်” ဟု CDF ဟားခါးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုတွင် စစ်ကော်မရှင်၏ ဟားခါးမြို့ပေါ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိပြီး အရေအတွက် အတိအကျကို မသိရှိသေးကြောင်း သိရသည်။

ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိနေကြောင်း သိရသည်။

Most read this week

July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...
July 24, 2026
အိန္ဒိယ-မြန်မာနယ်စပ် ကလေး - တမူးလမ်းကြောင်းပေါ်က တော်လှန်ရေးပူး ပေါင်းတပ်များ ထိန်းချုပ်ထား သည့်...
July 23, 2026
စစ်ကောင်စီ၏ ဆက်သွယ်ရေးဖြတ်တောက်မှုဒဏ် ခံနေရသည့် မြန်မာနိုင်ငံအတွင်း Starlink အင်တာနက်...
July 22, 2026
ချင်းပြည်မြောက်ပိုင်း၊ ထန်တလန်မြို့ပေါ်တွင် မြို့ဧရိယာအများစုကို ထိန်းချုပ်ထားသည်ဆိုသော...