ဖားကန့်မှာ တစ်ရက်လျှင် ရေမဆေးသမား (၅၀) ဝန်းကျင် စုဆောင်းရေးဆွဲခံနေရ

ဖားကန့်မှာ တစ်ရက်လျှင် ရေမဆေးသမား (၅၀) ဝန်းကျင် စုဆောင်းရေးဆွဲခံနေရ
ဖားကန့်မြို့နယ်အတွင်းမှာ စွန့်ပစ်မြေဇာတွင် ကျောက်စိမ်းရှာဖွေနေသည့် ရေမဆေးသမားများ/Credit
ဖားကန့်မြို့နယ်အတွင်းမှာ စွန့်ပစ်မြေဇာတွင် ကျောက်စိမ်းရှာဖွေနေသည့် ရေမဆေးသမားများ/Credit

ဖားကန့်မြို့နယ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)+PDF ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားရာ မှော်ကျေးရွာတွေမှာ တစ်ရက်ကို ပျမ်းမျှ ရေမဆေးကျောက်ရှာဖွေသူ (၅၀)ဦးခန့် စုဆောင်းရေးဆွဲခေါ်ခြင်းများခံနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

"ရေမဆေးရှာတဲ့သူတွေအတော်တော်များများအဆွဲခံရတယ်။ နေ့တိုင်းညတိုင်းဆွဲတယ်။ မြို့၊ရွာတွေနဲ့ ဝေးတဲ့ ကျောက်ရှာတဲ့မှော်တွေမှာအများဆုံးဆွဲတာ။ ဆိပ်မူ တစ်ဝိုက်ဆိုလည်း စုဆောင်းရေး အကြီးအကျယ်ဆွဲနေတယ်။ တစ်ညတစ်ည (၅၀)ကျော် (၆၀)ကျော်လောက်ပါနေတာ" ဟု ရေမဆေးသမားတစ်ဦးက ပြောပြပါတယ်။

များသောအားဖြင့် လုံးခင်းကျေးရွာအုပ်စုရှိ မှော်စီစာ၊ ကုဋေမှော်၊ ဆန်ခါစတဲ့ မှော်ကျေးရွာတွေနဲ့ ဆိပ်မူကျေးရွာအုပ်စုရှိ မမုံ၊ ဆွတ်အောင် တို့မှာ နေ့စဉ် စစ်သားသစ်စုဆောင်းခြင်းများ ခံနေကြရတာဖြစ်ကြောင်း သိရပါတယ်။

မတ်လ (၃)ရက်နေ့ကနေ မနေ့ကအထိ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်နောက်ကျောရှိ ဆုတောင်းကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့စဉ်အတောအတွင်းမှာလည်း စုဆောင်းရေးအများအပြားဆွဲခေါ်ခြင်းတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့တယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲက မနေ့က နှစ်ဖက်ပစ်ခတ်မှုများ ငြိမ်သက်သွားပြီဖြစ်ပေမယ့် စုဆောင်းရေးပြုလုပ်ခြင်းတွေတော့ ရှိနေဆဲဖြစ်ပြီး အရင်ကလို ငွေကြေးဖြင့်ပြန်လည်ရွေးထုတ်ခြင်းများကို လက်ခံခြင်းမရှိတော့ဘူးလို့လည်း သိရပါတယ်။

ဒီလိုလာရောက်ခြိမ်းခြောက်ခေါ်ဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့များကို ပြီးခဲ့တဲ့လကနေစပြီး ရေမဆေးသမားများပြန်လည်ခုခံမှုတွေ ပြုလုပ်တဲ့ဖြစ်စဉ်များလည်း နှစ်ကြိမ်ထက်မနည်းရှိလာနေကြောင်း သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...