လောက်တူဒေသအတွင်း လောင်းကစားလုပ်ငန်းအားလုံးကို LRPA တားမြစ်

လောက်တူဒေသအတွင်း လောင်းကစားလုပ်ငန်းအားလုံးကို LRPA တားမြစ်

ချင်းပြည်နယ်၊ လောက်တူဒေသအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးအတွက် လောင်းကစား လုပ်ငန်းအားလုံးကို မတ်လ ၆ ရက်မှစတင်၍ တားမြစ်ပိတ်ပင်လိုက်ကြောင်း လောက်တူဒေသ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (LRPA) က ဒေသန္တရအမိန့် ထုတ်ပြန်လိုက်သည်။

လောက်တူပြည်သူ့ရေးရာကောင်စီ သဘာပတိအဖွဲ့၏ သဘောတူညီချက်အရ ထုတ်ပြန်သည့် အဆိုပါအမိန့်တွင် ဒေသအတွင်း မည်သည့်နေရာ၌မဆို ငွေကြေး သို့မဟုတ် အဖိုးတန်ပစ္စည်းများဖြင့် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း၊ Digital Game များဖြင့် လောင်းကစားခြင်းနှင့် အခြားသော လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းတို့ကို လုံးဝ (လုံးဝ) မပြုလုပ်ရန် တားမြစ် ထားသည်။

ထို့အပြင် လောင်းကစားရန်အတွက် နေရာစီစဉ်ပေးခြင်းနှင့် အကူအညီပေးသူများကိုလည်း တားမြစ်ထားသည်။

ဒေသလုံခြုံရေးတပ်ဖွဲ့ (CDF-Lautu) နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကိုလည်း ရှောင်တခင်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားကြောင်း သိရသည်။

သတ်မှတ်ထားသည့် တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ငွေဒဏ် ကျပ်တစ်သိန်းဖြစ်စေ၊ တည်ဆဲ ဥပဒေများအရ ထောင်ဒဏ်/ ငွေဒဏ်ချမှတ်ခြင်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွား မည်ဟု LRPA က သတိပေးထားသည်။

အဆိုပါ ဒေသန္တရအမိန့်သည် ထုတ်ပြန်သည့်နေ့မှစ၍ အာဏာသက်ရောက်ပြီး ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းမပြု သရွေ့ လောက်တူဒေသတစ်ဝန်းလုံးတွင် အတည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါသည်။

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...