ဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်၍ သီးနှံများဆုံးရှုံး

ဖရူဆိုအနောက်ခြမ်းကို စစ်ကော်မရှင်က လက်နက်ကြီးနဲ့ ပစ်ခတ်၍ သီးနှံများဆုံးရှုံး

မတ်လ ၈ ရက်နေ့ ညနေပိုင်းမှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး သုံးလုံးနဲ့ ပစ်ခတ်ခဲ့ပြီး စပါးကျီတစ်လုံး ထိမှန်ပျက်စီးကာ စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စပါးကျီအတွင်းရှိ စပါး၊ ပြောင်းကောက် နဲ့ မြေပဲ ပျက်စီးဆုံးရှုံးသွားတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“လက်နက်ကြီးပစ်လာတော့ စပါးကျီထိတယ်။ စပါးကျီထဲမှာ သိုလှောင်ထားတဲ့ စပါး၊ ပြောင်းကောက် နဲ့ မြေပဲ တွေ မီးစတွေကြောင့် ပျက်ကုန်တာပေါ့။ မီးလောင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် စပါး၊ ပြောင်းကောက်၊ မြေပဲက ၁၀၀ ရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းပျက်စီးတယ်။ ပြန်သုံးလို့ မရတော့ဘူး။” လို့ အဆိုပါ နေရာမှာ နေထိုင်တဲ့ သတင်းအရင်းအမြစ် တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထိခိုက်ပျက်စီးတဲ့အထဲမှာ စပါးကျီတစ်လုံး၊ စပါး အိတ်ရေ ( ၁၅ ) အိတ်၊ ပြောင်းကောက် အိတ်ရေ ( ၂၀ ) နဲ့ မြေပဲ အိတ်ရေ ( ၅၀) ပါဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း အဆိုပါ နေရာအနီးကို စစ်ကော်မရှင်တပ်က မီးလောင်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်ရှောင်နေအိမ်တစ်လုံး ထိခိုက်ပျက်စီးတဲ့အပြင် စစ်ရှောင်တွေ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေလည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ နေရာနဲ့အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကော်မရှင်တပ်က အရပ်သားတွေ နေထိုင်ရာကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...