နတ်ရေကန်ဗျူဟာကို အင်အား ၂၀၀ ပါ စစ်ကြောင်းဖြင့် ချီတက်လာ၍ တိုက်ပွဲပြင်းထန်နေ

နတ်ရေကန်ဗျူဟာကို အင်အား ၂၀၀ ပါ စစ်ကြောင်းဖြင့် ချီတက်လာ၍ တိုက်ပွဲပြင်းထန်နေ
ဂုတ်ကြီးကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)
ဂုတ်ကြီးကျေးရွာအား တွေ့ရစဉ်။ (ဓာတ်ပုံ- CJ)

ရခိုင် - မကွေးအစပ် ရိုးမပေါ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကောင်စီက အင်အား ၂၀၀ ပါ စစ်ကြောင်းနှစ်ခုဖြင့် အင်အားဖြည့်ရန် ချီတက်လာနေ၍ ဗျုူဟာကုန်းအနီးတွင် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းမှာ အမ်း - ပဒါန်း လမ်းဟောင်းအတိုင်း နတ်ရေကန်ဗျူဟာသို့ ချီတက်လာနေခြင်း ဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က ဖြတ်တောက်တိုက်ခိုက်မှုကြောင့် ပဇီနှင့် ဂုတ်ကြီးကျေးရွာ ပတ်ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

“စစ်ကောင်စီဖက်က လေကြောင်းကို အဓိကသုံးပြီး ပစ်ကူပေးနေတာတွေရှိတယ်။ သူ့တို့ရဲ့ စစ်ကူ လာတဲ့ စစ်ကြောင်းတွေကိုတော့ အကောင်းဆုံး ဟန့်တားထားနိုင်တဲ့ အခြေအနေမှာရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y – 12 နှင့် ဒရုန်းတို့ဖြင့် လေကြောင်းကနေ အပြင်းအထန် ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

နတ်ရေကန်ဗျူဟာ၏ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်သော ကာကင်းစခန်းကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စစ်အင်အားအများအပြားဖြင့် အင်အားဖြည့်တင်းရန် ကြိုးပမ်းလာ ခြင်းဖြစ်သည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ပဒါန်းအခြေစိုက် အမှတ် (၉၀၅) အမြောက်တပ်ကလည်း အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။

နတ်ရေကန်ဗျူဟာသည် မကွေးနှင့် မြေပြန့်ဒေသအတွက် နောက်ဆုံးခံတပ်ဖြစ်၍ စစ်ကောင်စီ အနေဖြင့် အလွယ်တကူ အဆုံးရှုံးခံမည်ဖြစ်ကြောင်းလည်း စစ်ရေးလေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။

“နတ်ရေကန် ဗျူဟာသာ မဟာမိတ်တပ်တွေ သိမ်းပိုက်နိုင်ရင် ငဖဲမြို့နယ်က ကပစ စက်ရုံတွေကို တိုက်ရိုက်ခြိမ်းခြောက်နိုင်သလို ပုသိမ်-မုံရွာ လမ်းရှိ မကွေး၊ ပဲခူနဲ့ ဧရာဝတီ တိုင်း ၃ ခုက စစ်ရေးတွေ ဆက်စပ်သွားနိုင်တာကြောင့် စစ်ကောင်စီကတော့ ရတဲ့အင်အားတွေကို ဖြည့်တင်းပြီး ခုခံဖို့ ကြိုးပမ်းနေတာ တွေ့ရတယ်။ နတ်ရေကန် မကျသရွေ့ တိုက်ပွဲတွေက ပြင်းထန်နေအုန်းမှာပဲ” ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည်သူတစ်ဦးက ပြောသည်။

နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်က ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ဗျူဟာကုန်းမကျရေး တပ်မ ၁၁၊ တပ်မ ၉၉၊ စကခ- ၁၀၊ စကခ-၁၄ နှင့် စကခ-၁၇ တို့က ထုတ်နုတ်တပ်တို့ဖြင့် အလှည့်ကျပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။

အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်တို့သည့် ပုသိမ်-မုံရွာကားလမ်း ဖြတ်သန်းသွားသည့် မကွေးတိုင်း ပဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်မြို့နယ်နှင့် ဧရာဝတီတိုင်း အင်္ဂပူ၊ လေးမျက်နှာနှင့် ရေကြည်မြို့နယ်တို့မှာ တိုက်ပွဲများ တစ်ပြိုင်နက်တည်း ဖော်ဆောင်နေကြခြင်းဖြစ်သည်။

Most read this week

၂ဝ၂၆ ခုနှစ်၊ မတ် ၃ ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်တစ်နေရာ ပြုလုပ်ခဲ့သည့် ရိုးရာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲအား တွေ့ရစဉ်။ ဓာတ်ပုံ - Thet Traditional Culture
March 9, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ရခိုင်ပြည်တွင် မျိုးနွယ်များ ပေါင်းစုပြီး လူမှုသဟဇာတအရေးနှင့်...
March 7, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် စစ်တွေမြို့ပေါ်က ပြည်သူ့ဆေးရုံကြီးကို မတ်လ ၇ ရက်၊ နံနက် ၅...
March 6, 2026
စစ်တွေမြို့တွင် တိုက်ပွဲပြင်းထန်လာမှုနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု...
အီရန်၏ လေကြောင်းပစ်ခတ်မှုကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့သည့် အဘူဒါဘီမြို့ တစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- Reuters
March 5, 2026
ယခု အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲကာလအတွင်း...