ဟိုပင်မြို့မှာ နေအိမ်ဓားပြတိုက်ခံရပြီး မိသားစုနှင့် အိမ်အကူအပါ (၆)ဦးသေဆုံး

ဟိုပင်မြို့မှာ နေအိမ်ဓားပြတိုက်ခံရပြီး မိသားစုနှင့် အိမ်အကူအပါ (၆)ဦးသေဆုံး

မိုးညှင်းမြို့နယ် ဟိုပင်မြို့၊ မြသာယာရပ်ကွက်မှာ မနေ့ကညပိုင်းအချိန်က ဓားပြတိုက်ခံရပြီး မိသားစု(၅)ဦးနဲ့ အိမ်အကူ(၁)ဦး ၊ စုစုပေါင်း(၆)ဦးတို့ သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

သေဆုံးသူတွေက လူကြီး(၂)ဦး ၊ ကလေး(၃)ဦးနဲ့ အိမ်အကူ(၁)ဦးတို့ဖြစ်ပြီး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြတာဖြစ်ကြောင်း မြို့ခံများက ဆိုကြပါတယ်။

“ အကုန်လုံးအခုတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ချည်းပဲတဲ့ လည်ပင်းလည်း အလှီးခံထားရတယ်လို့ ကြားတယ်ဗျ။ လက်ချောင်းတွေလည်း အဖြတ်ခံထားရတာတဲ့ လက်တွေမှာလည်း အရိုးတွေပေါ်တဲ့အထိ အခုတ်ခံထားကြရတာလို့ ကြားတယ်" ရက်ရက်စက်စက်သတ်ဖြတ်ခံထားရတာလို့ ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

သတ်ဖြတ်ခံရခြင်းအကြောင်းအရင်းကို ရပ်ကွက်အတွင်းမှာ အမျိုးမျိုးပြောဆိုမှုတွေရှိနေပေမယ့် သေချာသိရှိနိုင်ခြင်းမရှိသေးသလို အိမ်ပိုင်ရှင်က ငွေတိုးချေးခြင်းနဲ့ ပစ္စည်းပေါင်နှံခြင်း လုပ်ငန်းကိုလုပ်ကိုင်ကြကြောင်း သိရပါတယ်။

“ ခုတလောလည်း အဖွဲ့တွေခဏခဏ ဖမ်းမိတယ်။ သူခိုးအဖွဲ့တွေကောပဲ။ ခေတ်ပျက်တော့လေ လူတွေကအစုံပဲ။ ဟိုပင်မြို့နဲ့ မိုးညှင်းမြို့တွေမှာလည်းလေ"ဟု ဟိုပင်မြို့သားတစ်ဦးက ဆိုပါတယ်။

အခုလပိုင်းတွေအတွင်း ဟိုပင်မြို့နဲ့ မိုးညှင်းမြို့အပြင် အနီးတစ်ဝိုက်ကျေးရွာတွေမှာလည်း လုယက်မှုနဲ့ ဓားပြမှုတွေမကြာခနဖြစ်ပွားနေတာကြောင့် လုံခြုံမှုအလွန်နည်းပါးနေကြောင်း ဒေသခံများက ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်မှာလည်း မိုးညှင်းမြို့သို့ ဘွဲ့နှင်းသဘင်လာရောက်တက်ရောက်တဲ့ ကျောင်းသူ(၂)ဦးကို ရွာသစ်ကုန်းရပ်ကွက်အတွင်းမှာ လက်နက်ကိုင်ဆောင်ထားတဲ့ လူငယ်အဖွဲ့တစ်ဖွဲ့က လုယက်ရိုက်နှက်ခဲ့မှုတစ်ခု ဖြစ်ပွားခဲ့ပါသေးတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...