ဖလမ်းမှာ စစ်ကော်မရှင်တပ်ရဲ့လက်နက်ရိက္ခာတချို့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ ရရှိ

ဖလမ်းမှာ စစ်ကော်မရှင်တပ်ရဲ့လက်နက်ရိက္ခာတချို့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေ ရရှိ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့က ၎င်းတပ်ဖွဲ့ဝင်တွေကို Y - 12 လေယာဉ်နဲ့ ချပေးတဲ့ လက်နက်ရိက္ခာတချို့ကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရရှိခဲ့တယ်လို့ ဖလမ်းမြို့နယ် အခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO / CNDF)ရဲ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

CNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက"ပစ္စည်းရတာက မနေ့ညကပါ။ တချို့ Y - 12 ချတဲ့ဟာတွေက သူတို့ ( စစ်ကော်မရှင်တပ်ဖွဲ့ ) နဲ့ ကျနော်တို့ကြားထဲ ကျတဲ့ဟာရှိတယ် တချို့နေရာမျိုးမှာဆိုရင် ကျနော်တို့နဲ့ ပိုနီးတဲ့နေရာမှာ ကျတဲ့ဟာမျိုးရှိတယ် မတိကျဘူးပေါ့ အဲဒီပစ္စည်းတွေ ကောက်ဖို့ဆိုရင် သူတို့ဘက်ကလည်း စစ်ကြောင်း ထိုးပြီးမှ ကောက်လို့ ရမဲ့ ပုံစံမျိုးဖြစ်တယ်"လို့ပြောပါတယ် ။

လက်ရှိ ဖလမ်းမြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ ချင်းလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တွေအကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့လည်းCNO / CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့ဟာ ဖလမ်းမြို့ပြန်လည်ရရှိရေးအတွက် စစ်အင်အားထောင်ချီအသုံးပြုတဲ့ပြင် ၊ လေကြောင်းပစ်ကူ ၊ ဒရုန်းတွေ အသုံးပြုတိုက်ခိုက်နေတာ ၄ လ ကျော်ဝန်းကျင် ရှိနေပြီလို့လည်း သိရပါတယ်။

Most read this week

July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...