မင်းတုန်းတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်၍ ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦးထက်မနည်းသေဆုံး

မင်းတုန်းတွင် အကြမ်းဖက်စစ်တပ် လေကြောင်းတိုက်ခိုက်၍ ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦးထက်မနည်းသေဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် ပြောင်းကျေးရွာအနီးတွင်ကုန်တင်ကားများကို စစ်တပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် ရခိုင်ကုန်သည်များအပါအဝင် အရပ်သား ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း ဒေသခံကုန်သည်များက ပြည်သူများက နိရဉ္စရာကို ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ အမျိုးသမီး ၂ ဦး အပါအဝင် ၂၅ ဦးထက်မနည်းရှိကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးနီးပါးရှိကြောင်း သိရသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်သည့်နေရာသည် မကွေးတိုင်းမှ ရက္ခိုင်ပြည်သို့ကုန်ပစ္စည်းများတင်ပို့သည့် လမ်းကြောင်းဖြစ်ကာ သေဆုံးသူများထဲတွင် ရခိုင်ကုန်သည်များပါဝင်ကြောင်း မကွေးတိုင်းရှိ ကုန်သည်တဦးက အတည်ပြုသည်။

“ သေတဲ့အထဲ ရခိုင်ကုန်သည်တွေလည်းပါတယ်။ ကုန်ကားတချို့ ရပ်ပြီး ခဏနားနေတဲ့အချိန်ပစ်တာဗျာ။ သတင်းပေးရှိတယ်လို့ ယူဆတယ်။ အလောင်းတွေ သယ်ထုတ်နေကြတယ်၊ ကုန်တွေလည်း ပျက်တယ်။ ကုန်တင်တဲ့ ဖောကား (Fuso) တွေပါ၊ ကုန်ပစ္စည်းတွေပါမီးလောင်ပျက်စီးခဲ့ရတယ်” ဟုပြောသည်။

မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးရှိ ကုန်ကားများစုပြုံရပ်နားရာနေရာသို့ စစ်တပ်က လေကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးဆုံးရှုံးမှုအနေဖြင့် ဖောကား (Fuso) ၈ စီးနှင့်အခြားကုန်ပစ္စည်းများ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကုန်ကားများ စုပြုံရာနေရာသို့ တိုက်လေယာဉ် ၃ စီးဖြင့် ပေါင် ၂၀၀ နှင့် ပေါင် ၃၀၀ ရှိ ဗုံးအလုံးပေါင်း ၁၀ လုံးခန့်ကို ကြဲချတိုက်ခိုက်ခဲ့သည့်အပြင် ရော့ကက် (Rocket) များဖြင့်ပါ အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ပျက်စီးမှု အလွန်များပြားခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားကြသည်။

လက်ရှိအချိန်အထိ သေဆုံးသူ ၂၅ ဦး ထက်မနည်းရှိပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်၍အရေအတွက် တိုးလာနိုင်ကာ ဒဏ်ရာရသူများထဲတွင်လည်း အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...