၂၀၂၅ ခုနှစ် တနှစ်အတွင်း တရားရုံးကို စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိ

၂၀၂၅ ခုနှစ် တနှစ်အတွင်း တရားရုံးကို စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိ

ကရင်နီပြည်ကြားကာလတရားစီရင်ရေးရဲ့တရားရုံးမှာ ၂၀၂၅ ခုနှစ် တနှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့ အမှုပေါင်း ၁၀၀ ကျော်ရှိပြီး မူးယစ် နဲ့ အကြမ်းဖက်မှုက အများဆုံးဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကရင်နီပြည်ကြားကာလ တရားစီရင်ရေးရဲ့ ၂၀၂၅ ခုနှစ်တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ပြောထားပါတယ်။

တနှစ်အတွင်း တိုင်ကြားအစီရင်ခံလာတဲ့ အမှုပေါင်း (၁၂၆) မှုရှိပြီး ပြီးခဲ့တဲ့နှစ် လက်ကျန် အမှု (၃၆) မှုလည်း ရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ်အတွင်း (၁၅၁) မှုကို စစ်ဆေးပြီးပြတ်ခဲ့ပြီး စစ်ဆေးဆဲအမှု (၁၁)မှု ရှိတယ်လို့ ဆိုထားပါတယ်။

“အဓိကကတော့လေ ဒီ မူးယစ်ဆေးဝါးမှု များတယ်ဆိုတာကတော့ တရားဥပဒေစိုးမိုးမှု အားနည်းတာ နောက်ပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး သုံးစွဲတာတွေ ရောင်းဝယ်ဖောက်ကားတာတွေ များတယ်ဆိုတဲ့အကြောင်းကို ထင်ဟပ်စေတာပေါ့။”လို့ အမှုနဲ့ဆက်စပ်ပြီး ကရင်နီပြည် တရားရုံးချုပ်ရဲ့ တရားသူကြီးချုပ် ခူးပိုးရယ်က ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

တစ်နှစ်အတွင်း စွဲဆိုတင်ပို့လာတဲ့ အမှုတွေထဲ မူး/ယစ်မှု (၃၃) ရာခိုင်နှုန်း နဲ့ အများဆုံးပါဝင်ပြီး အကြမ်းဖက်မှု (၂၅)ရာခိုင်နှုန်း ဒုတိယအများဆုံးဖြစ်ကာ ၊ မုဒိန်းမှု (၉)ရာခိုင်နှုန်း၊ ခိုးမှု (၅)ရာခိုင်နှုန်း၊ လိမ်လည်မှု (၄)ရာခိုင်နှုန်း၊ လူသတ်မှု (၃)ရာခိုင်နှုန်း၊ လူကုန်ကူးမှု (၁)ရာခိုင်နှုန်းနဲ့ အခြားအမှု (၂၀)ရာခိုင်နှုန်း ရှိကြောင်း အစီရင်ခံစာမှာ ပြောပါတယ်။

ပြည်နယ်အတွင်း မူးယစ်အမှုတွေ လျှော့ချနိုင်ဖို့ တရားဥပဒေဆိုင်ရာ စိုးမိုးရေးကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ တရားသူကြီးချုပ် ခူးပိုးရယ်က အခုလို ဖြည့်စွက်ပြောဆိုထားပါတယ်။

“မူးယစ်ဆေးဝါး လျှော့ချနိုင်ဖို့ ဆိုရင်တော့ အဓိကတော့ တရားဥပဒေစိုးမိုးရေး ကိစ္စတွေ ထဲထဲဝင်ဝင်လုပ်နိုင်ဖို့လိုတာပေါ့။ တရားဥပဒေစိုးမိုးရေး ကိစ္စလို့ ပြောတဲ့အခါမှာ သက်ဆိုင်ရာ IEC တစ်ခုပဲ တာဝန်ရှိတာမျိုးမဟုတ်ဘူးပေါ့။ ကရင်နီပြည်တွင်းမှာရှိတဲ့ အင်အားစုအသီးသီးက တော်လှန်ရေး တပ်ပေါင်းစုတွေကအစပေါ့ ဒီဟာတွေက အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှသာ တရားဥပဒေစိုးမိုးရေးက တရားဥပဒေနဲ့အညီ လူထုတွေလည်း အကာကွယ်ရမယ် အဲ့လိုမျိုးအခြေအနေမျိုးတော့ ဖြစ်မှာပေါ့။ “လို့ ခူးပိုးရယ်က ဆိုပါတယ်။

ကရင်နီပြည် ကြားကာလ တရားစီရင်ရေး ရဲ့ တရားရုံးကနေ တစ်နှစ်အတွင်း တရားခံ (၂၅၃)ဦးကို ပြစ်ဒဏ်စီရင်ခဲ့သလို စီရင်ခဲ့တဲ့ ပြစ်မှုသက်တမ်းမှာ (၃)လအောက် (၇၁)ရာခိုင်နှုန်း၊ ၆လအောက် (၁၀)ရာခိုင်နှုန်း၊ ၁ နှစ်အောက် (၁၈)ရာခိုင်နှုန်းနဲ့ ၁ နှစ်အထက် (၁)ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘဏ္ဍာသိမ်းငွေကြေး မြန်မာငွေသိန်း ၈၂ ကျော်၊ တပ်ရိုက်တဲ့ဒဏ်ငွေ သိန်း ၅၆ ကျော်၊ ဖုန်းအလုံး (၂၀)၊ ဆိုင်ကယ် (၆)စီး၊ စကားပြောစက် (၁)လုံး စတာတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဓာတ်ပုံ - Kantarawaddy Times
September 18, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက်...
ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...