မုံရွာမြို့တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး

မုံရွာမြို့တွင် ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး ယာဉ်မောင်းသေဆုံး
စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခဲ့သည့် ခရီးသည်တင်ယာဉ် (cj)
စစ်ကော်မရှင်တပ်သားများ ပစ်ခတ်ခဲ့သည့် ခရီးသည်တင်ယာဉ် (cj)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်အကျဉ်းထောင်အနီးတွင် လမ်းမှားလာသည့် ရွှေပီနောင်း ယာဉ်ငယ်ကားအသင်းမှ ခရီးသည်ယာဉ် တစီးကို စစ်ကော်မရှင်တပ်က စစ်ဆေးမှုမပြုလုပ်ဘဲ ပစ်ခတ်ခြင်းကြောင့် ယာဉ်မောင်း အမျိုးသားတဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် သာစည် မုခ်ပေါက်အနီး လမ်းမှား၍ ဝင်ရောက်လာရာမှ သာစည်အကျဉ်းထောင် အနီးတွင် ပစ်ခတ်ခြင်းခံခဲ့ရကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။

“သေနတ်သံ လေးငါးချက်လောက် ဆက်တိုက်ကြားလိုက်ရတယ်။ အချိန်အနည်းငယ်ကြာမှ ပစ်ခံရတဲ့ကားနား ကပ်ရဲတာ ။ ယာဉ်မောင်းက တော့သေသွားတယ်” ဟု မြို့ခံတဦးက ယနေ့(ဖေဖော်ဝါရီ ၂၃ ရက်)တွင် ပြောသည်။

အဆိုပါ ခရီးသည်တင်ယာဉ်ပေါ်တွင် ခရီးသည် လေးဦး ၊ ယာဉ်မောင်း နှင့် ယာဉ်အကူ ခြောက်ဦးပါရှိကာ စစ်ကော်မရှင်တပ်၏ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းသေဆုံးခဲ့ပြီး ၊ ခရီးသည် တဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“မုံရွာမြို့မှာ စစ်ဆေးရေးဂိတ်ကိုက ၁၀ ခုလောက်ရှိတယ်။ ဂိတ်မဟုတ်ဘဲ လက်နက်ကိုင်ပြီး တောင်းတဲ့နေရာတွေလည်း အပြည့်ပါဘဲ။ ကြောက်တော့ ပေးကြရတာပါပဲ” ဟု လိုင်းပြေးနေသည့် ကားသမားတဦးက မဇ္စျိမကိုပြောသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လည်း မုံရွာမြို့နယ် TTC အနီးတွင် စစ်ကော်မရှင်တပ်ဖွဲ့များက အိမ်စီးကား တစီးကို လိုက်လံပစ်ခတ်ခဲ့ရမှ ကလေးငယ်တဦးအပါ ပြည်သူ လေးဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွါးခဲ့သည်။

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...