အာဏာသိမ်းကာလအတွင်း နေအိမ် တစ်သိန်းကျော် မီးရှို့ခံရ

အာဏာသိမ်းကာလအတွင်း နေအိမ် တစ်သိန်းကျော် မီးရှို့ခံရ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ လေးနှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် တစ်သိန်းကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ မတရား စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လကုန်အထိ လေးနှစ်ကျော်ကာလအတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး ပဋိပက္ခတွေ ပြင်းထန်လာပြီး အရပ်သားတွေ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

အဲဒီမှာ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက ပဋိပက္ခဖြစ်ပွားတဲ့ ဒေသက မြို့ရွာတွေကို စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အဖိုးတန်ပစ္စည်းတွေ ယူဆောင်တာ၊ ကျေးရွာအတွင်း အခြေချ တပ်စွဲပြီး နေအိမ်တွေကို မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လေးနှစ်ကျော်ကာလအတွင်း စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ် ၁၁၅,၅၆၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ တစ်နိုင်ငံလုံးရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ အများဆုံး ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ Data For Myanmar က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ နိုင်ငံတဝန်းရှိ တိုင်းနဲ့ ပြည်နယ် ၈ ခုရှိ ကျေးရွာပေါင်း ၈၁ ရွာက အရပ်သားပြည်သူနေအိမ် ၂,၅၁၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

September 18, 2026
မြန်မာနိုင်ငံ၏ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့်...
ဓာတ်ပုံ - CJ
September 16, 2026
မွန်ပြည်တွင် စစ်အုပ်စုက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကို စက်သုံးဆီ မရောင်းပေးသည့်အပြင်...
သရက်ခရိုင် အမှတ် ၄ တပ်ရင်း
September 15, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၌ စစ်အုပ်စုတပ်က လေကြောင်းမှ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခဲ့သဖြင့်...
ဓာတ်ပုံ - Crd / (ပုံစာ - ကျိုက်မရော ဗဟိုအကျဉ်းထောင်အား တွေ့ရစဉ်။)
September 12, 2026
မွန်ပြည်၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်တွင် အခုရက်ပိုင်းအတွင်း ဆေးဝါးကုသခွင့် မရရှိသည့်အတွက် သွေး...