ဖားဆောင်း (သံလွင်) တံတားအနီးအနားကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထား

ဖားဆောင်း (သံလွင်) တံတားအနီးအနားကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထား

ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညပိုင်းမှာ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကနေ ဆက်လက် စစ်ကြောင်းထိုးပြီးနောက် သံလွင်တံတားအနီးအနားထိ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

စစ်ကြောင်းထိုးပြီးနောက် မနေ့က မနက်စောပိုင်းမှာ သံလွင်တံတားအနီးကို ရောက်ရှိလာပြီလို့ သူက ဆိုပါတယ်။

" ကျနော်တို့ ပြန်ဆုတ်ပေးလိုက်ရတာပေါ့။ သူတို့က (စစ်ကော်မရှင်တပ်သား) ညကတည်းက တံတားရတာ။ ည (၁၂)ရီလောက် သူတို့ထိုးလာတာ။ ဒီမနက် (၂)နာရီလောက်ပေါ့ သူတို့ပြန်ရတာ" လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒရုန်းနဲ့အတူ လေယာဉ်ပစ်ကူတွေပါအသုံးပြုပြီး နေ့စဉ်ရက်ဆက် ဖားဆောင်းမြို့တိုက်ပွဲမှာ အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ဘောလခဲမြို့နယ်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဖားဆောင်းမြို့တွင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဆက်လက် စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးနေပြီး မကြာခဏ လေယာဉ်နဲ့ ကင်းထောက်မှုရှိနေတာကြောင့် စစ်ဘေးရှောင်တွေဟာ လုံခြုံမယ်လို့ ယူဆရတဲ့ တခြားနေရာကို ထပ်မံတိမ်းရှောင်နေကြတယ်လို့ ဖားဆောင်းဒေသခံတဦးက ပြောပါတယ်။

"မရှိတော့ဘူး ခဲမဖြူကော၊ (၁၂)မိုင်ကော၊ (၁၀)မိုင်ကော မရှိ‌တော့ဘူး။ အကုန်ရှောင်ကုန်ပြီ"လို့ သူက ဆိုပါတယ်။

ထပ်ဆင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် အကူအညီလိုအပ်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သံလွင်မြစ်ကူး တံတားရဲ့တဖက်ခြမ်း ဖောက်ခွဲခံရပြီး ပျက်စီးခဲ့တာကြောင့် လက်ရှိမှာတော့ သွားလာလို့မရတော့ဘူးလို့ မြေပြင်သတင်းအရင်းမြစ်က ပြောပါတယ်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...