မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မိခင်မြေသို့ ရိုဟင်ဂျာ ဒုက္ခသည် တစ်သန်းကျော်ကို ပြန်လည်နေရပ်ပြန်ပို့ခြင်းသည် ရိုဟင်ဂျာအကျပ်အတည်းအတွက် တစ်ခုတည်းသော အကျိုးရှိပြီး တည်တံ့နိုင်သည့် ဖြေရှင်းနည်းဖြစ်ကြောင်း အကြံပေးချုပ် ပါမောက္ခ မူဟာမတ် ယူနုစ်က ပြောကြားသည်။
ရိုဟင်ဂျာ ဒုက္ခသည်များ၏ လုံခြုံမှု၊ ဆန္ဒအလိုက်နှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေရပ် ပြန်ပို့ခြင်းကို အကောင်အထည်ဖော်နိုင်ရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) အနေဖြင့် ဆက်လက်၍ တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးရန်လည်း သူက တိုက်တွန်းခဲ့သည်။
အဆိုပါ ပြောကြားချက်ကို UNHCR ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အသစ်ခန့်အပ်ထား သော ကိုယ်စားလှယ် အိုင်ဗို ဖရိုင်ဆင်(Ivo Freijsen)က ပြည်နယ်ဧည့်ခံအိမ် Jamuna တွင် အကြံပေးချုပ်အား တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံဆွေးနွေးမှုအတွင်း ဖရိုင်ဆင်(Freijsen)က ကော့စ်ဘဇားရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွက် နိုင်ငံတကာ အကူအညီများမှာ “သိသိသာသာ လျော့နည်းလာနေကြောင်း” ထောက်ပြခဲ့ပြီး စခန်းအတွင်း ကိုယ်တိုင်ရပ်တည်နိုင်မှုနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ တိုးမြှင့်ပေးရန် လိုအပ်ကြောင်း အလေးထားပြောကြားသည်။
အကြံပေးချုပ် ယူနုစ်က ရိုဟင်ဂျာအရေးသည် ယခင်ကလို နိုင်ငံတကာ၏ အာရုံစိုက်မှုကို မရရှိတော့ကြောင်း ပြောကြားခဲ့ပြီး ယာယီအစိုးရအနေဖြင့် ယခင်နှစ်အတွင်း နိုင်ငံတကာ အာရုံစိုက်မှု ရရှိစေရန် ကြိုးပမ်းခဲ့သည့် အရေးပါသော လုပ်ဆောင်ချက်များအဖြစ် ရမ်ဇာန်ကာလအတွင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ စခန်းများသို့ လာရောက်လည်ပတ်မှုကို ဥပမာပေးပြောကြားသည်။
ရိုဟင်ဂျာများကို စခန်းများတွင် ရေရှည်ထားရှိနေခြင်းသည် ဖြေရှင်းနည်းမဖြစ်နိုင်ကြောင်း၊ ထိုကဲ့သို့ ရေရှည်နေရခြင်းကြောင့် အိမ်ရှင်အသိုင်းအဝိုင်းများနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာ ကြောင်းကိုလည်း သူက သတိပေးခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပြန်လည်နေရပ်ပြန်ပို့ခြင်းကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ထပ်မံကြိုးပမ်း ဆောင်ရွက်ရန် တောင်းဆိုသည်။
“ဒီပြဿနာဟာ မြန်မာနိုင်ငံက စတင်ဖြစ်ပေါ်လာတာပါ။ ဖြေရှင်းနည်းလည်း မြန်မာနိုင်ငံကနေသာ လာရောက်ရပါမယ်။ စခန်းတွေထဲမှာ နည်းပညာကို လက်လှမ်းမီနေတဲ့ စိတ်ပင်ပန်း၊ စိတ်မကျေနပ်တဲ့ လူငယ်မျိုးဆက် တစ်ခု ကြီးထွားလာနေပါတယ်။ ဒါဟာ ဘယ်သူ့အတွက်မှ ကောင်းတဲ့သတင်းမဟုတ်ပါဘူး။ သူတို့ကို ငြိမ်းချမ်းမှုနဲ့ ဂုဏ်သိက္ခာရှိစွာ မိခင်မြေသို့ ပြန်လည်နေရပ်ပြန်ပို့ခြင်းက ကျွန်တော်တို့ရဲ့ တာဝန်ပါ” ဟု ယူနုစ်က ပြောကြားပါသည်။
ဆွေးနွေးပွဲအတွင်း ဘာဆန်ချာရ် ကျွန်းရှိ ရိုဟင်ဂျာအခြေအနေ၊ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် လူထုဆန္ဒခံယူပွဲ၊ နိုင်ငံ၏ ဒီမိုကရေစီအပြောင်းအလဲ လုပ်ငန်းစဉ်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဘာဆန်ချာရ်ရှိ အချို့သော ဒုက္ခသည်များသည် စခန်းများမှ ထွက်ခွာကာ ပြည်မကြီးတွင် ပေါင်းစည်းနေကြသဖြင့် နိုင်ငံအတွက် စိန်ခေါ်မှုအသစ်များ ဖြစ်ပေါ်လာကြောင်း ယူနုစ်က မှတ်ချက်ပြုသည်။
ဖရိုင်ဆင်(Freijsen)က UNHCR အမြင့်ဆုံးကော်မရှင်နာ အသစ်ဖြစ်သည့် ဘာဟမ် ဆာလီဟ် (Barham Salih)သည် မကြာမီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်လည်ပတ်လိုကြောင်း စိတ်ဝင်စားမှု ပြသထားပြီး ရိုဟင်ဂျာစခန်းများကိုလည်း သွားရောက်ကြည့်ရှုရန် စီစဉ်ထားကြောင်း ပြောကြားသည်။ ယခင်ကော်မရှင်နာ ဖိလစ်ပို ဂရန်ဒီ(Filippo Grand)သည် ၂၀၁၇ ခုနှစ်မှစ၍ စခန်းများကို အကြိမ်ကြိမ် လာရောက်ခဲ့သူဖြစ်သည်။
အကြံပေးချုပ် ယူနုစ်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လွတ်လပ်၊ တရားမျှတပြီး ပျော်ရွှင်စရာကောင်းသော ရွေးကောက်ပွဲများ ကျင်းပရန် ပြည့်စုံစွာ ပြင်ဆင်ထားကြောင်း ပြောကြားသည်။
“ရွေးကောက်ပွဲ ကျင်းပမှုအတွက် စံချိန်သစ်တစ်ခု သတ်မှတ်ချင်ပါတယ်။ ယုံကြည်ရပြီး စနစ်တကျ ကျင်းပနိုင်ရေးကို အဓိကထား ဆောင်ရွက်နေပါတယ်။ ပထမဆုံး မဲပေးမယ့် မဲဆန္ဒရှင်အသစ်တွေ အတွက်လည်း ပါဝင်ဆောင်ရွက်ရလွယ်ကူပြီး ပျော်ရွှင်စရာကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးချင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။







