ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွား

ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁) နယ်မြေဘက် တိုက်ပွဲဖြစ်ပွားတာရှိပြီး တစ်ပတ်အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ ဖေဖော်ဝါရီလ ၈ ရက်က ထုတ်လွှင့်တဲ့ သတင်းရုပ်သံအစီအစဉ်ကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဗန်းမော်၊ ဝိုင်းမော် စစ်မျက်နှာပြင်ဘက် စစ်ကော်မရှင်တပ်ကနေ နေ့တိုင်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် KIAတပ်မဟာ ၁ နယ်မြေဘက်လည်း လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာရှိတယ်လို့ သိရတာပါ။

တစ်ပတ်တာအတွင်း စစ်ကော်မရှင်ဘက်က လေယာဉ် ဗုံး ၄၁ကြိမ်၊ ဒရုန်းဗုံး ၄၈ ကြိမ် ၊ လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၅၀ နဲ့အထက် ရှိတယ်လို့ ဆိုပါတယ်။

လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ နေရာနဲ့ လက်နက်ကြီးတိုက်ခိုက်တာဟာ ဗန်းမော် စစ်မျက်နှာပြင်မှာ အများဆုံးဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗန်းမော်စစ်မျက်နှာပြင်ဘက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ဗန်းမော်၊ ဟန်းတဲ ပတ်ဝန်းကျင်၊ ၃ မိုင်ဘက် တိုက်ပွဲဖြစ်ပြီး တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားတယ်လို့ ဖော်ပြထားပါတယ်။

ဖားကန့်ဒေသ ဟဲပါးကျေးရွာ တစ်လျှောက် ယူမာနယ်မြေဘက် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားတယ်လို့ ထပ်မံ သိရှိရတာပါ။

ဒါ့အပြင် KIA တပ်မဟာ ၁ နယ်မြေ အင်ခါးဂါးကျေးရွာ တစ်လျှောက် တိုက်ပွဲ ၂ ကြိမ်ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ တစ်ပတ်တာအတွင်းကလည်း ဗန်းမော်၊ ဖားကန့် စစ်မျက်နှာပြင်နဲ့ တပ်မဟာ ၂ နယ်မြေဘက်မှာ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

July 2, 2026
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်မှာ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့...
June 30, 2026
စိုင်းခေ — ကော်ဖီသောက်ရင် သေဒဏ်ပေးမယ်ဆိုတဲ့ အမိန့်တစ်ခု စာဖတ်သူနေတဲ့ ဒေသမှာ ရှိတယ်ဆိုရင်...
June 29, 2026
ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့...
June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...