စစ်ရေးအရှိန်မြှင့်တင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PDF တပ်မှူးကြီးများ ဆွေးနွေးဆုံးဖြတ်

စစ်ရေးအရှိန်မြှင့်တင်ရန် NUG ကာကွယ်ရေးဝန်ကြီးဌာနနှင့် PDF တပ်မှူးကြီးများ ဆွေးနွေးဆုံးဖြတ်

တော်လှန်ရေးအဆုံးအဖြတ်တိုက်ပွဲအတွက် စစ်ရေးအရှိန်မြှင့်တင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်မှူးကြီးများ ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ထို (၁/၂၀၂၆) ကြိမ်မြောက် တပ်မှူးကြီးများအစည်းအဝေးကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်ကို တော်လှန်ရေးအောင်ပွဲဆီသို့ အမြန်ဆုံးရောက်ရှိစေမည့် “အဆုံးအဖြတ်ထိုးစစ်များ” ဆင်နွှဲမည့်နှစ်အဖြစ် ရည်မှန်းချက်များ ချမှတ်ခဲ့ကြသည်။

အစည်းအဝေးတွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးသာမက အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု၏ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု (SSR) လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သမိုင်းပေးတာဝန် သုံးရပ်ကို ပြန်လည်အတည်ပြုခဲ့ကြသည်။

ထို့အပြင် စစ်ပွဲဆိုင်ရာအခြေခံနိယာမ ၁၅ ချက်နှင့် ပေါင်းစပ်စစ်ပွဲဗျူဟာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ပါရှိသည်။

တပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ခိုက်ရေး၊ နည်းပညာ၊ စီမံအုပ်ချုပ်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းရုံးရေးဟူသော ‘အခြေခံစွမ်းရည် ငါးရပ်’ ပြည့်ဝစေရန် ဆောင်ရွက်သွားကြရန်နှင့် တော်လှန်ရေးအောင်မြင်မှုအတွက် အရေးကြီးသည့် ကွပ်ကဲမှု၊ မဟာဗျူဟာနှင့် နိုင်ငံရေးဆိုင်ရာ ‘ညီညွတ်မှု သုံးရပ်’ ကိုလည်း အလေးထား ဆွေးနွေးခဲ့ကြသည်။

ကွပ်ကဲမှုစနစ်တွင်လည်း “ရည်မှန်းချက်ပေးကွပ်ကဲမှုစနစ်” ကို အခြေခံ၍ စစ်ဆင်ရေးများကို ပိုမိုထိရောက်မြန်ဆန်စွာ ဖော်ဆောင်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ NUG ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စစ်ဦးစီးချုပ်၊ စစ်ဒေသမှူးများနှင့် PDF တပ်ရင်း/တပ်ဖွဲ့များမှ တပ်မှူးကြီးများ၊ ပကဖ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ အစည်းအဝေး နိဂုံးချုပ်အမှာစကားတွင် စစ်ဦးစီးချုပ်က အဆုံးအဖြတ်ထိုးစစ်များအတွက် အစွမ်းကုန် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)

ဓာတ်ပုံ – အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သည် စစ်ကိုင်းတိုင်းသို့ ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ် နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲများ တက်ရောက်အားပေးကြောင်း အမှတ် (၁) စစ်ဒေသက သတင်းထုတ်ပြန်သည့် မြင်ကွင်းကို ၂၀၂၅ ခုနစ်၊ ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ်။ 

Most read this week

ဓါတ်ပုံ - စစ်အုပ်စုတပ်၏ ရေယာဉ်အုပ်စုနှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးခဲ့သည့် နေအိမ်များ
August 14, 2026
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ် ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်မှ စုန်ဆင်းလာသည့်...
ဓာတ်ပုံ - (အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်အား တွေ့ရစဉ်)
August 14, 2026
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပြန်လည် ထိန်းချုပ်နိုင်ရေးအတွက် စစ်အုပ်စုတပ်က...
August 13, 2026
စစ်ဘေးဒဏ်အပြင် ရေဘေးဒဏ်ကိုပါ ထပ်ဆင့်ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းမှ ရေဘေးသင့်ပြည်သူ များထံ...
ဓာတ်ပုံ - (ENWA) နန်းယွန်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းဆောင် တစ်ခုကို တွေ့ရစဉ်
August 13, 2026
စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် စာသင်ကျောင်း ၄၀ ကျော်...