MNDAA က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့ ၁၁ ခုတောင်းဆို

MNDAA က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့ ၁၁ ခုတောင်းဆို

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး သူတို့တွေကိုပြန်လွှတ်ပေးဖို့ ရှမ်းအရပ်ဘက်အဖွဲ့အစည်း ၁၁ ဖွဲ့က  ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ၉ ဦးဟာ ပြန်မလွှတ်ဘဲရိုက် နှက်နှိပ်စက်ခံနေရတယ်လို့ ဆိုပါတယ်။

MNDAA ကဒေသခံများရဲ့ သဘောတူညီချက်မရှိဘဲ လယ်ယာမြေတွေပေါ်မှာ ရွှေတူးဖော်မှုများလုပ်ငန်းတွေလုပ်ကိုင်နေတာကို ကန့်ကွက်မှုကြောင့် ဖမ်းဆီးခံခဲ့ရတာပါ။

ဒေသခံတွေ ကန့်ကွက်ဆန္ဒ ထုတ်ဖော်မှုကိုလည်း တပ်အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖမ်းဆီးသွားသူတွေထဲကမှ အရပ်သား (၉) ဦးကိုလည်း ရိုက်နှက်မှုတွေရှိပြီး အသက်အန္တရာယ်စိုးရိမ်နေရတာကြောင့် ပြန်လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

MNDAA ရဲ့ အဓမ္မမြေသိမ်းတာ၊ ရွှေတူးဖော်မှု လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်တဲ့ကြောင်း ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ဘေးဒဏ်သင့်တဲ့ ပြည်သူများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးမူ ၄ ချက်နဲ့ ရှမ်းအဖွဲ့အစည်းများက ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း အလားတူ MNDAA တပ်ရဲ့ ဖမ်းဆီးမှုများကြောင့် သီပေါမြို့နယ်၊ ပန်မြိုင်းကျေးရွာက ဒေသခံတစ်ဦး ပြင်းထန်စွာဒဏ်ရပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...