ကျောက်ဖြူတွင် ထောင်ဖောက်ပြေးသည့်အကျဉ်းသားငါးဦး စက်လှေဖြင့်ထွက်ပြေးသွားဟုဆို

ကျောက်ဖြူတွင် ထောင်ဖောက်ပြေးသည့်အကျဉ်းသားငါးဦး စက်လှေဖြင့်ထွက်ပြေးသွားဟုဆို
ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)
ကျောက်ဖြူမြို့၊ ဂျပန်မဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်။ (ပုံဟောင်း)

သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ထောင်ဝန်ထမ်းတစ်ဦးကိုသတ်ပြီး ထောင်ဖောက်ထွက်ပြေးသွားသည့် အကျဉ်းသားငါးဦးသည် စက်လှေဖြင့်ထွက်ပြေးသွားသည်ဟု မြို့ခံများက ပြောသည်။

ထောင်ဖောက်ထွက်ပြေးသွားသည့်အကျဉ်းသားငါးဦးမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ ညကတည်းက ငလပွေ့ချောင်းမှတဆင့် စက်လှေဖြင့်ထွက်ပြေးသွားသည်ကို ငါးဖမ်းထွက်သူအချို့မြင်လိုက်ရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကို ပြောသည်။

"ငလပွေ့ချောင်းမှာ နေဗီက ညနေပိုင်းအထိရှိတယ်။ ညနည်းနည်းမှောင်ပြီဆို ကင်းလှည့်ထွက်တယ်။ အဲဒီအချိန်မှာ ခိုးထွက်တာ။ သူတို့ထွက်တာကို ငါးဖမ်းသမားတွေမြင်ခဲ့တာ။ ဘယ်ကိုပြေးသွားလဲတော့ မသိဘူး။ စက်လှေငယ်နဲ့သွားတာ"ဟု ပြောသည်။

အဆိုပါအကျဉ်းသားငါးဦး‌သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လယ်က ကျောက်ဖြူအကျဉ်းထောင်မှ ထောင်ဝန်ထမ်းတစ်ဦးကို စူးဖြင့်ထိုးကာ ထွက်ပြေးသွားခြင်းဖြစ်သည်။

ထောင်ဝန်ထမ်းကို ထိုးသတ်စဉ်က တခြားထောင်ဝန်ထမ်း ငါးဦးလည်းရှိနေပြီး ရန်လုပ်မည်စိုးရိမ်သဖြင့် အနားမှထွက်ပြေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးသွားသည့် အကျဉ်းသားများသည် ကျောက်ဖြူဇာတိဖြစ်ပြီး ဒုစရိုက်မှုတို့ဖြင့် နှစ်ရှည် ထောင်ချခံထားရသူများဖြစ်ကြောင်း သိရသည်။

သူတို့ကို ရဲနှင့်စစ်သားများက ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်အထိ တအိမ်ဝင်တအိမ်ထွက် လိုက်ရှာနေသော်လည်း ဖမ်းမိနိုင်ခြင်းမရှိသေးဟု မြို့ခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"အုပ်ချုပ်‌ရေးမှူးကတော့ ဧည့်စာရင်းတိုင်ကြတဲ့သူစိမ်းမြင်ရင် ပြောလို့ပြောထားတယ်။ အရင်ကထက် ပိုပြီးစစ်တယ်"ဟု ပြောသည်။

ကျောက်ဖြူမြို့ခံများသည် စစ်ရေးထက် ခိုးဆိုးလုယက်မှုများနှင့် ထောင်ပြေးများ၏ပြင်ပရန်များကို ကြောက်လန့်နေရပြီး စိတ်လုံခြုံမှုမရှိတော့ဟု ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
August 29, 2026
အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု...
August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...