ရခိုင်ပြည်တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် သဟဇာတဖြစ်မှု ပေါ်လွင်လာ

ရခိုင်ပြည်တွင် ဘာသာရေးလွတ်လပ်ခွင့်နှင့် သဟဇာတဖြစ်မှု ပေါ်လွင်လာ

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်အတွင်းရှိ ဘာသာဝင်အသီးသီးသည် မိမိတို့၏ ဘာသာရေးပွဲတော်များကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိလာသည့်အပြင် ဘာသာစုံသဟဇာတဖြစ်မှု ပုံရိပ်များ ပိုမိုထင်ရှားလာနေကြောင်း ဘာသာရေးခေါင်းဆောင်များနှင့် ဒေသခံများက ပြောဆိုကြသည်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အစ္စလာမ်၊ ဟိန္ဒူနှင့် ခရစ်ယာန် အစရှိသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ပြုထားပြီး လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများတွင် ကူညီဖြည့်ဆည်းပေးနေသည်ကို တွေ့ရသည်။

ယခင် စစ်ကောင်စီလက်ထက်တွင် ဘာသာရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုများနှင့် ခွဲခြားဆက်ဆံမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် ထိုအခက်အခဲများမှာ ပြေလည်သွားပြီဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင်များက ဆိုသည်။

“ခရစ်ယာန်သင်းအုပ်ဆရာ တစ်ယောက်ပြောတာက သူတို့ စစ်ဘေးရှောင်လာရင်း ကိုးကွယ်စရာ ဘုရားကျောင်းကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရက ဦးဆောင်ပြီး ဆောက်ပေးတဲ့အတွက် ကျေးဇူးတင်တယ်ဆိုပြီး ပြောတယ်။ မွတ်ဆလင်ဘာသာရေးခေါင်ဆောင်တစ်ယောက်ကလည်း အရင်တုန်းက ဘာသာရေးကျောင်းမှာ မိုးယိုလို့ သံဖြူတစ်ချပ် ထည့်ဖို့အတွက်တောင် စာတင်ခဲ့ရပေမယ့် အခုတော့ ဒီပြဿနာတွေက ပိန်းကြာရွက်မှာ ရေလျှောချသလို ကျသွားတယ်လို့ ပြောပါတယ်” ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။

ဖေဖော်ဝါရီ ၄ ရက်က အာရက္ခတပ်တော်ထိန်းချုပ်ဒေသမှာ ခရစ်ယာန်ကျမ်းစာကျောင်း၏ (၁၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပြုလုပ်ခဲ့ပြီး ULA/AA မှ တက်ရောက်ကာ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေများ ချီးမြှင့်ကာ အသိအမှတ်ပြုခဲ့သည်။

မောင်တောမြို့နယ်၌ ကျင်းပခဲ့သည့် (၇၅) ကြိမ်မြောက် မဟာရာမယန ဟရီနာမ “ရာမ” အသံမစဲပဋ္ဌာန်းပွဲတော်အတွက် ULA/AA က ငွေကျပ် သိန်း ၃၅၀ ထောက်ပံ့ခဲ့ပြီး တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂ ရက်ကလည်း အစ္စလာမ်ဘာသာရေးတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ပွဲတွင် မွတ်ဆလင်ကျောင်းသားများ၏ ပညာရေးအောင်မြင်မှုကို ULA/AA တာဝန်ရှိသူများက တက်ရောက် ဂုဏ်ပြုခဲ့ကြသည်။

စစ်ကောင်စီ ထိန်းချုပ်စဉ်ကာလက ဘာသာရေးလွတ်လပ်ခွင့် ချိုးနှိမ်ခံရမှုနှင့် ခွဲခြားဆက်ဆံမှုများ ရှိခဲ့သော်လည်း လက်ရှိတွင် အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်ကြောင်း လူမှုကူညီရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

“မွတ်ဆလင်တွေ ဘာသာရေးလွတ်လပ်ခွင့်ကို စစ်ကောင်စီ လက်ထက်ကထက် ပိုကောင်းတာကို မြင်ရတယ်။ အရင်တုန်းကဆို ဘာသာရေးလွတ်လပ်ခွင့် မရှိ၊ ချိုးနှိမ်ခံရတာ၊ ဘာသာခြားဆိုပြီး ခွဲခြားဆက်ဆံခံရတာ ရှိတယ်။ အခု အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရလက်ထက်မှာ လုံးဝ လွတ်လပ်နေတာကို မြင်ရတယ်” ဟု ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံး ဥက္ကဋ္ဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်း၌ ဘာသာရေးလွတ်လပ်ခွင့်သာမက လူမျိုးဘာသာမရွေး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နှင့် စီးပွားရေးလုပ်ကိုင်ခွင့်များကိုလည်း တန်းတူညီမျှ ခွင့်ပြုထားသည်ကိုတွေ့ နေရသည်။ 

August 31, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်သို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ဧရာဝတီတိုင်းဘက်မှတစ်ဆင့် ရခိုင်ပြည်...
August 31, 2026
ရခိုင်ဒေသတွင် စစ်ရေးအခြေအနေသည် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းနှင့်...
ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...