ရေးအခြေစိုက် ခမရ ၅၉၁ တပ် တိုက်ခိုက်ခံရ

ရေးအခြေစိုက် ခမရ ၅၉၁ တပ် တိုက်ခိုက်ခံရ
ဓာတ်ပုံ-YGF
ဓာတ်ပုံ-YGF

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် လက်အောက်ခံ ရေးပြောက် ကျား တပ်ထံကနေ သိရပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ ခမရ ၅၉၁ တပ်ကို တော်လှန်ရေးမဟာမိတ်ပူး ပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု အချိန် နာရီဝက်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးပြောက်ကျားတပ် YGF တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း စစ်ကော်မရှင်ဘက်က လေးဦးး ထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး အသေး စိတ်ကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတပ်ရင်း ၂၇ ၊ ရာမညမွန်တပ်တော် RMA နဲ့ ရေးပြောက်ကျားတပ်တို့က ပူပေါင်းပါဝင်ခဲ့ပါတယ်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်တပ်က ပိတ်ဆို့ရှာဖွေ စစ်ဆေးတာနဲ့ ကျေး ရွာချင်းဆက်လမ်းပိုင်းတချို့ကို ယာယီပိတ်ပင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...
August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...