ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကျားဖြန့်လာဘ်ယူမှုဖြင့် စစ်ဆေးခံရ

ကျားဖြန့်တိုက်ဖျက်ရေး ကော်မတီဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ကျားဖြန့်လာဘ်ယူမှုဖြင့် စစ်ဆေးခံရ

စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများထံမှ လာဘ်ငွေရယူခဲ့သည်ဟူသော သံသယဖြင့် စုံစမ်းစစ်ဆေးခံခဲ့ရကြောင်း နေပြည်တော် သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးရာထူးမှ အနားပေးကာ "စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေသည်" ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) ရုံးက ကြေညာခဲ့သည်။ 

သို့သော် ၎င်းအား မည်သည့်စစ်ဘက်တာဝန်များ ပေးအပ်သည်ကိုမူ ထည့်သွင်းဖော်ပြခြင်း မရှိပေ။ 

၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ကို ပြည်ထဲရေးဝန်ကြီးအသစ်အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ထူးခြားချက်အနေဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က "အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ" ဥက္ကဋ္ဌအဖြစ်တာဝန်ယူပြီး ယမန်နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ကျားဖြန့်တိုက်ဖျက်ရေးစင်တာကို အပြီးတည်ထောင်ရန် လျာထားခဲ့သော်လည်း ၎င်းကိုယ်တိုင် ကျားဖြန့်သမားများထံမှ လာဘ်ယူသည်ဆိုသော သံသယဖြင့် စစ်ဆေးခံရခြင်းဖြစ်သည်။

၎င်းသည် စစ်အာဏာသိမ်းမှုအပြီး အစောပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့ပြီးနောက် တနှစ်အကြာတွင် ယခုကဲ့သို့ ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ- ကျားဖြန့်တိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ အစည်းအဝေး တခုကို ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ဦးဆောင်ကျင်းပနေသည်ကို တွေ့ရစဉ်။ (MOI)

May 15, 2026
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေးမြို့မြစ်အတွင်း မေလ ၁၂ ရက် ညနေပိုင်းက လူဦးရေအဆမတန်...
May 14, 2026
ပေါ်ထွန်း — မကွေးတိုင်းအတွင်းရှိ ပေါက်မြို့နယ်နှင့် ဆောမြို့နယ်များသို့ စစ်အုပ်စုက...
May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...