ကရင်နီမှထွက်ပြေးသည့် သုံ့ပန်း ၆၈ ဦး ထိုင်းစစ်တပ်က မြန်မာထံပြန်လွှဲ

ကရင်နီမှထွက်ပြေးသည့် သုံ့ပန်း ၆၈ ဦး ထိုင်းစစ်တပ်က မြန်မာထံပြန်လွှဲ
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။
ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။

ဂျူချန်း — ကရင်နီပြည် မယ်စဲ့အကျဉ်းထောင်မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်သွားသည့် သုံ့ပန်း ၆၈ ဦးကို ထိုင်းစစ်တပ်က မြန်မာစစ်ကော်မရှင်တပ်ဖွဲ့ထံသို့ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်)တွင် လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်ထံက သိရသည်။

“မနေ့က မနက်တည်းက မယ်ဟောင်ဆောင်ကနေထွက်လာပြီး နေ့ခင်းရောက်တာနဲ့ တန်းလွှဲတာ။ ထိုင်းမှာလည်း နှစ်နိုင်ငံ သဘောတူညီချက်တွေရှိတော့ သူတို့လည်း မူဝါဒအရ ဒီလူတွေက ဒီတပ်က ဟုတ်တယ်ဆိုရင် ဒီနိုင်ငံကို ပြန်လွှဲရတာမျိုးပါ” ဟု သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားမှ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်နယ် မယ်စဲ့မြို့ရှိ အမှတ်(၂) အကျဉ်းထောင်မှ အကျဉ်းဝန်ထမ်းနှစ်ဦးအပါအဝင် အကျဉ်းသား ၈၁ ဦးသည် ဇန်နဝါရီလ ၁၈ ရက် နံနက် ၁ နာရီခန့်တွင် လက်နက်ငယ် ကိုးလက်နှင့်အတူ ထွက်ပြေးလွတ်မြောက်ခဲ့သည်။

လက်ရှိတွင် အကျဉ်းသား ၆၈ ဦးသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလွတ်မြောက်သွားပြီး အကျဉ်းသား ၁၃ ဦးနှင့် လက်နက်ငယ် ငါးလက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင် က ပြောသည်။

ရှာဖွေရေးလုပ်ငန်းစဉ်များကိုမူ ပြီးခဲ့သည့် ရက်ပိုင်းများကတည်းက ရပ်တန့်ထားပြီးဖြစ်ကြောင်း ဆိုသည်။

ဓါတ်ပုံ - ကရင်နီ မယ်စဲ့အကျဉ်းထောင်မှ ထွက်ပြေးလာသည့် သုံ့ပန်း ၆၈ ဦး ကို ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထိုင်းစစ်တပ်က မြန်မာထံ မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မှ လွှဲပြောင်းပေးခဲ့သည်။

Most read this week

August 3, 2026
ချင်းပြည်၊ ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စု တပ်ဖွဲ့ဝင်များ၏...
August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...