ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ဖြစ်ပွား

ကချင်မှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်း အကြိမ် ၂၀ ဖြစ်ပွား

ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ တစ်ပတ်အတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀ ဖြစ်ပွားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ သတင်းရုပ်သံအစီအစဉ်မှာ ထုတ်လွှင့်ဖော်ပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း စစ်ကော်မရှင်တပ်ကနေ ဒရုန်းဗုံး ၂၂ ကြိမ် ၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း အကြိမ် ၂၃၀ အထက် ရှိတဲ့အပြင် လေယာဉ်ဗုံး အကြိမ် ၅၀ လောက် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

လေယာဉ်ဗုံးနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာဟာ ဗန်းမော် စစ်မျက်နှာပြင်မှာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဗန်းမော်မြို့တစ်ဖက်ကမ်း ကောင်ဂျာကျေးရွာကိုလည်း စစ်ကော်မရှင်က ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်ကောင်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၂၃ ဦးရှိခဲ့ပြီး ၃၀ ဦးလောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဝိုင်းမော်မြို့နယ်၊ လမြန် စစ်မျက်နှာပြင်တွေဘက် တစ်ပတ်တာအတွင်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားပြီး စစ်ကော်မရှင်တပ်ဘက်က ဇန်နဝါရီ ၂၀ ရက်နေ့မနက်ကနေ အင်မြန့်ချောင်းဘက် စစ်အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ဖြစ်ပွားတာ ရှိတယ်လို့ သိရတာပါ။

ဖားကန့်ဒေသ၊ အင်မားယန်ရွာ သင်္ချိုင်းနေရာတွေဘက် နေရာယူ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်ကို KIAပူးပေါင်းတပ်ကနေ သွားရောက်တိုက်ခိုက်တာ ၂ ကြိမ်ရှိတဲ့အပြင် KIA တပ်မဟာ (၁) နယ်မြေ လုံရှာယန်ရွာ အနီးဝန်းကျင်နဲ့ ဝရှားချောင်းတစ်လျှောက် နေရာမှာလည်း တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားတာ ရှိတယ်လို့လည်း ထပ်မံ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ တစ်ပတ်တာအတွင်းမှာလည်း ဗန်းမော်၊ ဖားကန့်စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂)တွေမှာ တိုက်ပွဲဖြစ်ပွားတာရှိပြီး တစ်ပတ်တာအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားခဲ့သလို ဒရုန်းဗုံး ၁၀ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှုပေါင်း ၄၀၈ ကြိမ်လောက် ရှိတဲ့အပြင် လေယာဉ်ဗုံး ၃၁ ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို Facebook စာမျက်နှာအပြင် အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...