ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းက ပြိုင်ဘက် ထိုင်းဖိုက်တာကို ဒုတိယအချီမှာပဲ ထိမိတဲ့ထိုးချက်နဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ဆလိုင်းထန်းခွီရှိန်းအနေနဲ့ One Championship ပြိုင်ပွဲပထမပွဲမှာ ကတည်းက လက်စွမ်းကောင်းပြခဲ့ပေမယ့် ပထမပွဲဦးထွက်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ မနေ့ည သူရဲ့ ဒုတိယ ပွဲစဉ်မှာတော့ ပြိုင်ဘက်ကို အလဲထိုး အနိုင်ရခဲ့တာကြောင့် ဘောနပ်ဆုပါ ရရှိသွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ONE Championship Firday Flight 139 ပြိုင်ပွဲမှာ မြန်မာ ဖိုက်တာ ၄ ဦး အထိပါဝင် ယှဉ်ပြိုင်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။







