ချင်းလူငယ်ဖိုက်တာက ထိုင်းဖိုက်တာကို အလဲထိုးပြီး အနိုင်ရ

ချင်းလူငယ်ဖိုက်တာက ထိုင်းဖိုက်တာကို အလဲထိုးပြီး အနိုင်ရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ မနေ့ သောကြာနေ့ ဇန်နဝါရီလ ၂၃ ရက်ညမှာ ကျင်းပတဲ့ ONE Championship Firday Flight 139 ပြိုင်ပွဲမှာ ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းက ပြိုင်ဘက် ထိုင်းဖိုက်တာကို ဒုတိယအချီမှာပဲ ထိမိတဲ့ထိုးချက်နဲ့ အလဲထိုးအနိုင်ယူနိုင်ခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ်၊ အရပ် ၅ ပေ ၄ လက်မရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု ချင်းလူငယ်ဖိုက်တာ ဆလိုင်းထန်းခွီရှိန်းဟာ မြန်မာရိုးရာလက်ဝှေ့မှာ လက်ဆပြင်းသူဖြစ်ပြီး One Championship ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ပထမဆုံးပွဲဦးထွက် ပထမဆုံးကစားခဲ့ပြီး ပြိုင်ဘက်ကို ဒိုင်အမှတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဆလိုင်းထန်းခွီရှိန်းအနေနဲ့ One Championship ပြိုင်ပွဲပထမပွဲမှာ ကတည်းက လက်စွမ်းကောင်းပြခဲ့ပေမယ့် ပထမပွဲဦးထွက်မှာ ရှုံးနိမ့်ခဲ့ပါတယ်။ မနေ့ည သူရဲ့ ဒုတိယ ပွဲစဉ်မှာတော့ ပြိုင်ဘက်ကို အလဲထိုး အနိုင်ရခဲ့တာကြောင့် ဘောနပ်ဆုပါ ရရှိသွားခဲ့ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ကျင်းပတဲ့ ONE Championship Firday Flight 139 ပြိုင်ပွဲမှာ မြန်မာ ဖိုက်တာ ၄ ဦး အထိပါဝင် ယှဉ်ပြိုင်သွားခဲ့ကြတာလည်းဖြစ်ပါတယ်။

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...