မိုးကုတ်-မန္တလေး လမ်းကို စစ်တပ်ထိန်းချုပ်ပြီး လမ်းပိုင်းပြန်ဖွင့်

မိုးကုတ်-မန္တလေး လမ်းကို စစ်တပ်ထိန်းချုပ်ပြီး လမ်းပိုင်းပြန်ဖွင့်

မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်က ကျောက်လည်းဘိီး ၊ ရွှေညောင်ပင် စတဲ့ ကျေးရွာကြီးတွေကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီး ရက်ပိုင်းအကြာမှာဘဲ လမ်းပိုင်းတွေကို ပြန်လည်ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုးကုတ်မှ မန္တလေးသွားလမ်း လမ်းဟောင်းဖြစ်တဲ့ သပိတ်ကျင်း ၊ စဉ့်ကူး ၊ မတ္တရာလမ်းတစ်လျှောက်ကို ဒီနေ့ကစလို့ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။

“ လမ်းပိုင်းတွေပြန်ဖွင့်သွားတာတော့ပြောနေကြတယ်။ တက်လာတဲ့ကားကိုကြည့်ရမှာ။ ဒီဘက်ကနေ ဆင်းသွားတဲ့ကားကတော့ မရှိသေးဘူး။ တက်လာမယ့်သူလည်း တက်ရဲပါ့မလားဆိုတာကိုစောင့်ကြည့်ရမယ်။ ပွင့်သွားတာကတော့သေချာတယ်၊ ကားခတွေကတော့ မလျော့ဘူး” လို့ မိုးကုတ်ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်တပ်က မနေ့က ဇန်နဝါရီလ (၂၀) ရက်နေ့မှာ မိုးကုတ်လမ်းပိုင်းပေါ်က ရွှေညောင်ပင် ၊ မလဲပေါက်ကျေးရွာတွေကို စစ်ကြောင်းတွေရောက်ရှိပြီး ဒေသခံတွေကြိုဆိုကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီလိုရောက်ရှိတာနဲ့တပြိုင်တည်းမှာ ကုန်စည်တင်ထားတဲ့ ကုန်ကားတွေလည်း မိုးကုတ်မြို့အတွင်းကို ဝင်ရောက်လာကြောင်းဆိုထားပါတယ်။

မိုးကုတ်ကို ယမန်နေ့ကလည်း အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နိုင်ဖို့အတွက် ဝန်ထမ်းတွေ ပထမဆုံးအသုတ်ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာလည်း နောက်ထပ် ဒုတိယတစ်သုတ်အဖြစ် ဝန်ထမ်းတွေရောက်ရှိသွားမှာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

ရှမ်းနီအသံရဲ့ သတင်းများကို Telegram တွင်လည်း ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...