ကော့ကရိတ် ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေး စစ်အုပ်စုစစ်ကြောင်းတိုး၍ ပစ်ခတ်မှုများပိုလုပ်လာ

ကော့ကရိတ် ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေး စစ်အုပ်စုစစ်ကြောင်းတိုး၍ ပစ်ခတ်မှုများပိုလုပ်လာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀)ရက်နေ့နောက်ပိုင်းမှစတင်ပြီး စစ်အုပ်စုက မြေပြင်စစ်ကြောင်းရှေ့ဆက်တိုးမှုနှင့် ဒရုန်း၊ လက်နက်ကြီးပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်လာနေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

မိဖာလဲ၊ နောင်ကိုင်း၊ ကမိုင်ကုန်း၊‌ မောင်းမက အစရှိသည့် ကော့ကရိတ် တောင်ပိုင်း၊‌မြောက်ပိုင်းအပါအဝင် ကျုုံဒိုးမြို့နယ်ဘက်တွင် ရှေ့တိုးလာသောစစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်နေသည်ဟု ကော့ကရိတ်မြောက်ပိုင်း စစ်ရေးလှုပ်ရှားသည့် ကလိုထူးဝါးစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“လဆန်းရက်တုန်းက စစ်ကူနဲ့လူနာ အသွားအပြန်ပို့တာကလွဲပြီး သူတို့ငြိမ်နေတယ်။ အဲ့နောက်ပိုင်းကနေ မနေ့က အထိ ရှေ့ပြန်တိုးလာတာ။ ရွာတွေဘက်အထိ ရွေးကောက်ပွဲလုပ်ဖို့စည်းရုံးနေတယ်။ ကျုံဒိုး တစ်ဖက်ကမ်းရွာတွေလည်းဒီအတိုင်းပဲ။ ကျနော်တို့ နယ်မြေထဲတော့အလာမခံဘူးလေ၊ အဲဒါကြောင့် ပစ်ခတ်မှုနေ့တိုင်းရှိနေတာ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် ကော့ကရိတ်မြို့အခြေစိုက် စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ-၉၇၊ တံတားဦးနှင့် လှိုင်ဝအမြှောက်ကုန်းတို့ဘက်မှ ဟောင်ဝှစ်ဇာ၊ ၁၂၀ မမ လက်နက်ကြီးများအပြင် ဒရုန်းများသုံး၍ ကော့ကရိတ်မြောက်ပိုင်းရွာများဘက်ကို ဦးတည်တိုက်ခိုက်နေကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

ကော့ကရိတ်နှင့်ကျုံဒိုးမြို့ပေါ်ရပ်ကွက်များတွင်မူ အုပ်ချုပ်ရေးမှူးများက ရွေးကောက်ပွဲရက်မဲထည့်ရေး စည်းရုံး ပြောဆိုနေသည်သာမက ကြံ့ခိုင်ရေးပါတီ-USDPအဖွဲ့ဝင်များက ၎င်းတို့စည်းရုံးရေးမဆင်းနိုင်သည့် ရွာဘက်ပိုင်းတွင် ကြိုတင်မဲကောက်ယူရန် ကြံစည်ပြောဆိုမှုရှိသည်ဟု ရွာခံများထံမှ သိရသည်။

အမည်မဖော်လိုသူ ကမ်းနီရွာသားတစ်ဦးက “ကြံ့ခိုင်ရေးအုပ်စုနဲ့အုပ်ကြီးတွေက ရွာတွေမှာမဲရုံဖွင့်မရရင်တောင် ကြိုတင်မဲကောက်ချင်နေကြတယ်။ ကမ်းနီ၊ ကမ္မရိုက်၊ သရက်တောဘက်ကိုစည်းရုံးသေးတယ် ရွာတွေကလက်မခံဘူး။ ကော့ကရိတ်ဘက်လည်းဒီလိုပဲ။ မဲဆွယ်စည်းရုံးရေးဆင်း တာမျိုးတော့မလာရဲကြဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

အပိုင်းလိုက်ကျင်းပသည့် စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်း (နောက်ဆုံးအကြိမ်)ကို လာမည့် ဇန်နဝါရီလ(၂၅)ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ရာ ကရင်ပြည်နယ်အနေဖြင့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး နှစ်မြို့နယ်ပါဝင်သည်။

နယ်မြေတွင်း ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသည့် သတင်းအရင်းအမြစ်များအရ ကျုံဒိုး၊ ဘုရားသုံးဆူ၊ နဘူး၊ ကော့ဘိန်းတိုက်နယ်အတွင်းရှိ စစ်အုပ်စု ထိန်းချုပ်ထားနိုင်သော ရပ်ကွက်၊ ကျေးရွာများ၌ မဲရုံထောင်ရန်ရှိကြောင်း ကနဦးသိရပြီး ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုလျက်ရှိသည်။

August 7, 2026
ကရင်အမျိုးသားအစည်းအရုံး-KNU မူတြော် (ဖာပွန်) ခရိုင်အတွင်း စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး...
ဓာတ်ပုံ - AKY
August 7, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ရှိ အိုင်သပြုကျေးရွာအပါအဝင် ကျေးရွာ အများ...
ဓာတ်ပုံ - AP
August 6, 2026
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ ယနေ့ ဩဂုတ်လ ၆ ရက်နေ့တွင်...
ဓာတ်ပုံ - Amarin News (Crd)
August 6, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့် တွေ့ဆုံရန် မြန်မာစစ်အုပ်စု ခေါင်းဆောင်...